In the space time

1.4K 110 0
                                    

Zawgi...

Colourless ထိုကမ္ဘာ​လေးထဲမှ ထွက်​လာပြီးချိန်​တွင်​ သူမ စပြီ မှတ်​မိခဲ့တဲ့​နေရာ​လေးကိုပြန်​​ရောက်​​လေသည်​ ။ ထို​နေရာ ​လေးက​တော့ သူမ ​စ​တွေ့ခဲ့သည့်​ အတိုင်းပင်​ ​မဟူရာလို နက်​​မှောင်​​နေဆဲပင်​။ သို့​ပေမယ့်​ ထူးခြားတာ တစ်​ခု​တော့ ဖြစ်​​နေသည်​။ ဘာထူးခြားလည်းသူမ မသိ​ပေ ။ သူမ​ဘေးက မဟူရာလိုနက်​​မှောင်​​နေ​သော အ​မှောင်​ထုက​တော့ အရင်​လို မစိမ်းသက်​​တော့ ဟု ခံစားမိ​လေသည်​ ။ သူမ ထို​နေရါသို့ပြန်​​ရောက်​​ရောက်​ခြင်းမှာပဲ ၁၁နှစ်​အရွယ်​ရှိ ​သေး​သေး​ဖွေး​ဖွေး ​ကောင်​​ငယ်​​လေးကို​တွေ့လိုက်​သည်​ ။ ထို​ကောင်​ငယ်​​လေးသည်​ သူရဲ့​ဖြူ​ဖွေး​နေ​သော အသားအရည်​နဲ့ လိုက်​ဖက်​စွာပဲ အဖြူ​ရောင်​ ၀တ်​စုံ​လေးကိုဝတ်​ထားသည်​ ။ အဖြူ​ရောင်​ ၀တ်​စုံ​လေးသည်​ အရမ်းကြီးခမ်းနား​နေခြင်းမရှိ​သော်​ငြား ထို ဖြူဖြူ​သေး​သေး အ​ပေါ်တွင်​​တော့ အရမ်းကို ချစ်​စရာ​ကောင်းလွန်း​နေ​ပေသည်​ ။

❆ မမ ပြန်​လာပြီ​ပေါ့ ❆

ထိုဖြူဖြူ​သေး​သေး က​လေးထံမှ ချိုမြိုန်​တဲ့ ​တေးသံသာလိုအသံက​လေးထွက်​လာ​ပေသည်​။

* အွန်း ....ဘာလည်း အရမ်း​တွေသတိရ​နေလို့လား*

ပိ​တောက်​ ပြန်​​ပြောလိုက်သည်​ ။ ပြီး​တော့ သူမအသံကို သူမပြန်​အာရုံစိုက်​မိ​လေသည်​ ။သူ​ရှေ့တွင်​ရှိသည့်​ Whitelay ရဲ့ သံသည်​ ချိုမြိန်​သာယာဖွယ်​​ကောင်းသည်​ ဆိုရင်​ သူမရဲ့ အသံသည်​ ထပ်​ကာထပ်​ကာ ကြားချင်​​လောက်​​အောင်​ ယစ်​မူး​စေနိုင်​သည်​အထိ ဆွဲ​ဆောင်​မှုရှိ​လေသည်​ ။

❆ သတိရတာ​ပေါ...ဟဲဟဲ.. မမ ပင်​ပန်း​နေပြီမို့လား... နားလိုက်​​လေ...❆

*ဒီ မဲ​မှောင်​​နေတဲ့​နေရာမှာ ဘယ်​မှာ နားရမလဲ... ထိုင်​စရာ​နေရာ​တောင်​မရှိတာ...*

❆ မပူပါနဲ့ ဟိုမှာ သလွန်​ရှိပါ ​တယ်​....မမ နားလို့ရတယ်​..❆

Colourless လည်း Whitelay ပြသည့်​​နေရာကို ကြည့်​လိုက်​​တော့ အပြာ​ရောင်​နဲ့ ​ရွှေ​ရောင်​​ရောထား သည်​ကဲ့သို့ အမှုန့်​စ​လေး​တွေလို လင်းလက်​​နေတဲ့ ​နေရာ​လေးတစ်​ခု ကုတင်​ပုံစံလိုမျိုး အစုအဖွဲ့ ​လေးများဖြစ်​ ​နေ​လေသည်​ ။ Colourless ထို​နေရာကိုသွားက ထို​​ ရွှေပြာ​ရောင်​ အမှုန်​စ​လေး​တွေကိုထိကြည့်​လိုက်​သည် ။ နူးညံ​နေသလိုပင်​။

 Colourless [System] 💜 Infinity Love 💜 Of Princess Angel And Demon PrinceDonde viven las historias. Descúbrelo ahora