Zawgi...
အလုပ်ရှုပ်ကာ ဂျုံနယ်နေတဲ့ကောင်ကလေးရဲ့ လှုပ်ရှားဟန်အမှုအယာတွေအစအဆုံးကို လီယို မျက်စိဒေါက်ထောက်ကာ ကြည့်နေလေသည် ။ ကောင်ကလေးကတော့ တကုပ်ကုပ်နဲ့အလုပ်ရှုပ်လျက်သာပင် ။
ခဏအကြာတွင်တော့ ပူပူနွေးနွေး ခေါက်ဆွဲပြုတ်လေ ရလာပေသည်။
ယွီ့ထုံ စားပွဲပြင်လိုက်လေသည် ။ တစ်ယောက်တစ်ပန်းကန်စီပေါ့ ။
'စားလို့ရပါပြီ ဒါက အထူးဟင်းလျာနော်.... ပူမယ်သတိထားစား...´
ယွီ့ထုံ တူရယ်ဇွန်းရယ်နဲ့ ဖြေးဖြေးချင်းစားလိုက်ပေသည် ။ လီယိုကတော့ ယွီ့ထုံ လုပ်သလို လိုက်လုပ်လေသည် ။ ဇွန်းကရပေမယ့် တူကတော့ လိုရင်းမရောက်ပဲ ချော်နေပေသည် ။
ယွီ့ထုံက လီယို ဖြစ်နေပုံကြောင့် ရီလိုက်လေကာ
'အယ်လိုမဟုတ်ဘူးလေ ဒီလို ကိုင်ရတာ ပြီးတော့ ဒီလိုလက်ကိုရွေ့  ပြီးရင် ဦးတည်ရာကို ညှပ်လိုက်ရုံပဲ လွယ်ပါတယ်..´
လီယို နောက်တစ်ခေါက်လုပ်ကြည့်လိုက်လေသည်။ ချော်မြဲချော်နေတုန်းပင်။ ဒီတော့ တူကို ချကာ ဇွန်းနဲ့သာစားဖို့ပြင်လိုက်လေတော့ ပါးစပ်ထဲမရောက်ခင်ပဲ လက်သွယ်သွယ်လေးတစ်ခုရဲ့တားစီးလိုက်ခြင်းကို ခံလိုက်ရပေသည် ။
'စိတ်ကိုရှည်ရှည်ထားပြီး သင်ရမှာပေါ့ .. အားမလျော့ရဘူးလေ..´
ယွီ့ထုံက ချထားလေတဲ့တူကို လီယိုလက်ထဲ ပြန်ထည့်ပေးလိုက်လေသည် ။ ပြီးလေတော့ မိမိကို ငယ်စဉ်က ပါးဖြစ်သူ သင်ပေးတဲ့အတိုင်း တူအပေါ်ကို လီယိုလက်အား စနစ်တကျ ပုံစံချကာ သေသေချာချာကိုသင်ပေးနေခြင်းပင်။ လက်သေးသေးလေးတွေက လက်အကြီးကြီးကို ဆရာပြန်လုပ်နေခြင်းပေါ့ ။
ခဏမကြာပဲ လီယို ခေါက်ဆွဲဖတ် တွေကို တူနဲ့ မိသွားလေချေပြီ ။
YOU ARE READING
Colourless [System] 💜 Infinity Love 💜 Of Princess Angel And Demon Prince
FantasySYSTEM TYPE(zaw and uni) #1(angelsanddemons) 9.10.2021 #1(fujoshi) 9.1.2022 #1(owncreation)24.7.2022 ဖြူစင်ပြီး သနားကြင်နာတတ်သော နတ်သမီး ယူရီဒိုက်စ် (Eurydice) နဲ့ နတ်ဆိုးတစ်ဝက် အိန်ဂျယ် တစ်ဝက် အော်ဖီးရပ်စ်(Orpheus) နှစ်ဦးသား အမ...