Zawgi...
ဆုတောင်းပွဲပြီးဆုံးလေတဲ့ ညဘက်တွင်တော့ ဧကရီလေးရဲ့ နန်းဆောင်ထဲတွင် လီရာရောက်နေပေသည် ။
ဧကရီလေးကတော့ ဆုတောင်းပွဲ အဖြစ်လေးကို ဘယ်လောက်ပင် အံသြနေကြောင်းကို စိတ်လှုပ်ရှားဟန်လေးနဲ့ လီရာကိုပေါင်လေးထက်တင်ထားလေကာ ခေါင်းလေးပွတ်သပ်ပေးရင်းဒိုင်ခံ ဆိုနေလေသည် ။
တစ်ခါတစ်ရံ ပန်းကန်ထဲက ခွာပြီးသား လိမ္မော်သီးစိတ်လေးများကို လီရာကို ခွင့်ကျွေးနေပေသေးသည် ။ ယဲ့မင်ကတော့ သခင်မလေးဖြစ်တဲ့ ဧကရီလေး ဆိုလေသမျှကို နားထောင်ပေးလေကာ လိမ္မော်သီးလေးနွာပေးနေသည် ။
ထိုသုံးဦးသားတွင် ဇိမ်အကျဆုံးကတော့ လီရာပင် ခွံကျွေးတာလေးစားလိုက် ပွတ်သပ်ပေးတာလေးခံလိုက်နဲ့ တော်တော်ကောင်းမွန်နေခြင်းပင် ။ အမွေးခံရတဲ့ ပိုင်ယမ်လေးအဖြစ်သာ နေလိုချင်စိတ်တောင်ပေါက်လာလေသည် ။ ကမ္မာတိုင်းမှာ ဒီကမ္မာက ဇိမ်အရှိဆုံးလို့တောင် ဆိုနိုင်ပေသည် ။
'ဧကရီကျင့် ရှင့် မွေ့ ယာထိုင်ခန်း ပြင်ဆင်ပေးခွင့်ပြုပါ...'
ညတိုင်း ဧကရာဇ်က ဧကရီ ဆီတွင် အိပ်ဆောင်ဝင်သည်မို့ အိပ်ခန်း ပြင်ဆင်မှုနေ့ တိုင်းလုပ်ရပေသည် ။ ဒါကလည်း ရှေးအဆက်ဆက် ဘိုးဘွား ဘီဘင် တွေထဲက ဓလေ့မို့ ဖေးဖေး ဘာမှမဆိုသာပဲ ထိုအပျိုတော်လေးတွေကို ၀င်ခွင့်ပြုလုပ်ပေဖို့ ယဲ့မင်ကို ခေါင်းလေးငြိမ့်ပြလိုက်လေသည် ။
'၀င်လာခဲ့...'
ယဲ့မင်က ဧကရီလေး အစား ပြန်ဖြေပေးလိုက်ပေသည်။ ပြီးလေတော့ ၀င်လာတဲ့ အပျိုတော်အဖွဲ့ရဲ့ လုပ်ငန်းဆောင်တာတွေကို ကြီးကျပ်စေဖို့ ထွက်သွားလေသည် ။
နန်းဆောင်က ကြီးကျယ်လွန်းကာ သီးခြား အခန်းဖွဲ့လေဟန်ရှိသည်မို့ အိပ်ဆောင်နေရာသည် ဧည့်ခန်းနေရာနဲ့ နည်းနည်းလှမ်းနေပေသည် ။
STAI LEGGENDO
Colourless [System] 💜 Infinity Love 💜 Of Princess Angel And Demon Prince
FantasySYSTEM TYPE(zaw and uni) #1(angelsanddemons) 9.10.2021 #1(fujoshi) 9.1.2022 #1(owncreation)24.7.2022 ဖြူစင်ပြီး သနားကြင်နာတတ်သော နတ်သမီး ယူရီဒိုက်စ် (Eurydice) နဲ့ နတ်ဆိုးတစ်ဝက် အိန်ဂျယ် တစ်ဝက် အော်ဖီးရပ်စ်(Orpheus) နှစ်ဦးသား အမ...