Zawgi...
'အကောင်ပေါက်လေး ဘာတွေတွေပြီး ပြုံးနေတာလဲ ထတော့လေကွာ အပျင်းလေးရဲ့..´
ရွှေရောင်ပိုးသားမွေ့ယာထက်မှ မိမိအား နိုးနေလေတဲ့ချစ်ရသူပင် ။လီရာ ပျင်းကြောလေး မသိမသာဆန့်လိုက်လေကာ ပိုင်ဆိုင်သူ ရှိရာဆီ လက်ကလေးဆန့်တန်းလိုက်လေသည် ။ မျက်ဝန်းလေးများကတော့ မှိတ်လျက်သားပင် ။
ချစ်ရတဲ့ အကောင်ပေါက်လေးအကြောင်း သိနေလေတဲ့ ကျို့ရန်ကတော့ မိမိအား ခေါ်ခိုင်းနေသော အဆိုးလေးကို ဆန့်တန်းထားလေသည့် လက်ကလေးများကနေ ဆွဲထူကာ ရင်ခွင်ထဲ ထည့်ထားလေသည် ။
'မျက်လုံးကြီးမှိတ်မထားနဲ့လေ ထတော့ ..ဒီနေ့ မြို့ထဲ လျှောက်လည်ချင်တယ်ဆို...´
ကျို့ရန် ထိုသို့ဆိုလေတော့မှ မျက်လုံးလေး ဆက်ခနဲပွင့်လာလေတဲ့ လီရာပင် ။
လီရာ ဒီနေရာကို ရောက်ကတည်းက အပြင်ဘက်တွင် လျှောက်မလည်ရသေးဘူးမလား ။ မိမိရဲ့ ချစ်သူသည် တကယ်ကိုမိမိလိုချင်တာသိလေကာ အလိုက်သိလွန်းပေသည် ။
'တကယ်ရီး လိုက်ပို့ပေးမှာလား..´
လီရာ ကျို့ရန့်ကို ၀ိုင်းစက်နေတဲ့မျက်ဝန်းလေးများနှင့်မေးလိုက်ပေသည် ။ ကျို့ရန်က လီရာရဲ့ဖြူဖွေး အိနေတဲ့ ပါးဖောင်းဖောင်းလေးကို နစ်ဝင်အောင် တစ်ချက်နမ်းလိုက်လေကာ
'တကယ်ပေါ့ကွာ.. ကိုယ်ဘယ်တုန်းက တကယ်မဟုတ်ပဲပြောဖူးလို့လဲ..´
လီရာကတော့ပျော်သွားလေကာ ရွှေရောင်ပိုးမွေယာကြီးကနေ ဆင်းဖို့ပြင်လေသည် ။ကျို့ရန်က လီရာရဲ့ လက်ကလေးကိုဖမ်းဆုပ်လိုက်ရင်း
'တစ်ခုခုမေ့နေသလား ကိုယ့်အကောင်ပေါက်လေး နိုးပေးခပေးရဦးမယ်လေ..´
လီရာ ရယ်ကျဲကျဲလေး လုပ်လိုက်ပေကာ
'ဘွာတေး ဘွာတေး လီလီမေ့သွားလို့..မွ..´
YOU ARE READING
Colourless [System] 💜 Infinity Love 💜 Of Princess Angel And Demon Prince
FantasySYSTEM TYPE(zaw and uni) #1(angelsanddemons) 9.10.2021 #1(fujoshi) 9.1.2022 #1(owncreation)24.7.2022 ဖြူစင်ပြီး သနားကြင်နာတတ်သော နတ်သမီး ယူရီဒိုက်စ် (Eurydice) နဲ့ နတ်ဆိုးတစ်ဝက် အိန်ဂျယ် တစ်ဝက် အော်ဖီးရပ်စ်(Orpheus) နှစ်ဦးသား အမ...