Zawgi...
အေးချမ်းစိတ်ငြိမ်လှတဲ့ ပန်းခြံလေးရဲ့တစ်နေရာက အသစ်စက်စက်ချစ်ရသူနှစ်ဦး
'ကိုယ်လေ baby လေးနဲ့ ချစ်သူဖြစ်ခွင့်ရတာ သိပ်ပျော်တာပဲ...'
'အွန်း တို့လဲ ပျော်တယ်..'
💭 ဒါပေမယ့် ခွဲရတော့မယ့်အချိန်တွေကိုတွေးမိရင် တကယ်မခံစားနိုင်ဘူး.. ငါ သူကိုခွဲမသွားချင်ဘူး.. တကယ်ကို.. မခွဲချင်ဘူး.. ဒါပေမယ့်ရွေးချယ်စရာမရှိဘူးနဲ့တူတယ်..💭
အဆင်မပြေဟန်ဖြစ်နေသော အယ်လီယာကြောင့် ရှိုန်းစိတ်ပူသွားလေကာ
'ဘာဖြစ်လို့လဲ baby အဆင်ပြေလား တစ်ခုခုဖြစ်လို့လား..'
စိတ်ပူနေဟန်မေးလာတဲ့ရှိုန်းကြောင့် အယ်လီယာ အတွေးတွေကို ခဏထားလိုက်လေသည် ။ နောက်ဖြစ်မှကိစ္စတွေထက် ချစ်သူလေးကို ပိုအာရုံစိုက်သင့်သည်မလား ။ နောက်လာနောင်ရှင်းပဲကောင်းပါတယ် ။ ချစ်သူကိုတော့မစိုးရိမ်စေချင်ဘူးရယ် ။
'ဘာမှမဖြစ်ပါဘူး ဒီတိုင်းနည်းနည်းပင်ပန်းသွားလို့ပါ...'
'ပင်ပန်းတယ်ဆို ပြန်နားမလား.. ကိုယ်လိုက်ပို့ပေးမယ်.. '
ဒီလိုမျိုး အရိပ်တကြည့်ကြည့်နဲ့ အလိုက်သိနေလွန်းနေသောကြောင့် အယ်လီယာ အချစ်ပိုရလေသည်။
'ဘာမှမဖြစ်တော့ ပါဘူး .ခုအဆင်ပြေနေပြီပဲကို ပြီးတော့ ဒီနေ့က first day လေ.. ရှိုန်းနဲ့ပဲတူတူရှိချင်တယ်..'
'ကောင်းပါပြီ ကိုယ်သခင်မလေးရယ်.. ခုဘာလုပ်ချင်လဲ..'
အယ်လီယာ ခဏစဉ်းစားဟန်ပြုပြီးမှ
'ခု ရှုပ်ရှင်ကြည့်မယ်..ပြီးရင် လျှောက်လည်မယ် .. ညကျရင်တော့ အိမ်မှာ dinner လုပ်မယ်လေ မကောင်းဘူးလား..'
'သခင်မလေးရဲ့ သဘောပါဗျ..အကုန်ဖြစ်စေရမယ်...'
အယ်လီယာတို့ ပျော်ရွှင်စွာနဲ့ပဲ အနာဂတ်တွေကိုမေ့ထားပြီး တစ်နေ့တာကို ဖြတ်သန်းခဲ့ကြလေသည်။ ရှေ့မှာဘယ်လိုအခက်အခဲတွေပဲရှိပါစေ မပြတ်တော့မယ့်အလားပင် ။ တစ်နေ့ကုန်လျောက်လည်ပြီးအဆုံးတွင်လည်း နှစ်အိမ်တစ်အိမ်ပေါင်းကာ dinner ပွဲအကြီးကြီးလုပ်ခဲ့လေသည် ။
YOU ARE READING
Colourless [System] 💜 Infinity Love 💜 Of Princess Angel And Demon Prince
FantasySYSTEM TYPE(zaw and uni) #1(angelsanddemons) 9.10.2021 #1(fujoshi) 9.1.2022 #1(owncreation)24.7.2022 ဖြူစင်ပြီး သနားကြင်နာတတ်သော နတ်သမီး ယူရီဒိုက်စ် (Eurydice) နဲ့ နတ်ဆိုးတစ်ဝက် အိန်ဂျယ် တစ်ဝက် အော်ဖီးရပ်စ်(Orpheus) နှစ်ဦးသား အမ...