Arc 2(ep-4) fuhoshi ma lay

1K 108 4
                                    

Zawgi..

တ​နေ့ကုန်​နီးပါး ​စောင့်​အပြီးမှာ​တော့ ဆွန့်​အလှည့်​​ရောက်​ရန်​ ​ရှေ့တွင်​ သိပ္ပံဌာနမှ ​ကောင်​မ​လေးတစ်​​ယောက်​ပင်​ကျန်​​တော့သည်​ ။ တစ်​​နေကုန်​ ​စောင့်​ရလို့​တော့ပျင်းလားဆိုရင်​ ပျင်း​တော့မပျင်း​ပေ။ အဘယ့်ေ​ကြာင့်​ဆို​သော်​ star ​ဟောင်းအမ​တွေက မုန့်​လာ​ကျွေးလိုက်​ ။  ​ဘေးက star အသစ်​​လေး​တွေက မုန့်​လာ​ကျွေးလိုက်​ နဲ့ တစ်​​နေ ကုန်​ မအားလပ်​​အောင်​ စား​သောက်​​နေရခြင်း​ကြောင့်​​ပေ ။ ထိုပြင်​ ချင်းလ်​နဲ့ အမချို သည်​လည်း စားစရာ​တွေလာပို့ ​နေ​သေးသည်​ ။ ​တော်​​သေးတာတစ်​ခုက ဆွန့်​ရဲ့ ကိုယ်​​လေးက ဘယ်​​လောက်​စားစား သိပ်​မ၀ ​ပေလို့ပင်​ ။နို့မို့ဆို ဓာတ်​ပုံထဲမှာ ဖက်​တီးမ​လေးပုံ ပါလာ​ပေလိမ့်​မည် ။ 

ဆွန့်​​ရှေ့တွင်​ရိုက်​ရမည့်​ ​ကောင်​မ​လေးသည်​ ကင်​မရာ​ကြောက်​ပုံ ရသည်​ ။ ထို​ကောင်​မ​လေး အလှည့်​​ရောက်​​တော့ ​ချွေးပါပင်​ ဆို့ကာ လက်​​လေးများသည်​လည်းဂနာမငြိမ်​ ဖြစ်​​နေသည်​ ။ ထို​ကြောင့်​ ဆွန့်​သည်​ ထို ​ကောင်​မ​လေးရဲ့ လက်​ကို ကိုင်​လိုက်​ရင်း အား​ပေးစကား​ပြော​ပေးလိုက်​သည်​ ။ထိုအခါမှ အဆင်​​ပြေသွားဟန်​ ရသည်​ ။

ထို​ကောင်​မ​လေးသည်​ တကယ်​​တော့ ဆွန်​မရှိခဲ့ရင်​ whole star ​ရွေးခံရမည့်​​ကောင်​မ​လေးပင်​ ။ ထို​ကောင်​မ​လေး ပြီးသွား​တော့ ဆွန့်​အလှည့်​ပင်​​ရောက်​လာ​လေသည်​ ။ ထိုအချိန်​မှာ ဒီကမ္ဘာက ဗီလိန်​ အကြီးစားမကြီးလာ​လေပြီ ။ ဟိုးအရင်​တုန်းက whole star ဖြစ်​မယ့်​​ကောင်​မ​လေးကို လုပ်​မယ့်​ အကွက်​တိုင်းပင်​ ဆွန့်​ရိုက်​​နေတုန်း ကင်​မရာကို ​ရေ​မှောက်​ကျသလိုနဲ့ ဖျက်​ဆီးလိုက်​​လေသည်​ ။ ပြီး​တော့ ​တောင်းပန်​ပါတယ်​ မ​တော်​လို့ ဘာညာ​ပေါ့ ။ ပြန်​ပြီးအ​လျော်​​ပေးပါ့မယ်​တဲ့။ မသိရင်​ မ​တော်​တဆပဲ အမှားလုပ်​မိသလို ဘာလိုနဲ့ ရိုက်​ကွင်းထဲက အချို့က​တော့ တမင်​ တကာ လုပ်​မှန်းသိ​သော်​လည်း အင်​အားချင်းမမျှလို့ ​ဘာမှ မ​ပြောသာခဲ့​ပေ ။ ဟိုတုန်းက star ​ကောင်​မ​လေးက​တော့ အယ့်​​နေ့က ဓာတ်​ပုံ မရိုက်​လိုက်​ပင်​ ။ ​နောက်​​နေ့မှ အစားထိုး ပြန်​ရိုက်​ ကခြင်းဖြစ်​သည်​ ။ နဂိုထဲက ​ကြောက်​တတ်​သူပီပီ တစ်​​ယောက်​ထဲ ရိုက်ရ​တော့ ပို​ကြောက်​ကာ အဆင်​မ​ပြေပဲ ဖြစ်​ခဲ့​လေသည်​ ။ဆွန့်​သည်​ ထို​ကောင်​မ​လေးမဟုတ်​​ပေ ။

Colourless [System] 💜 Infinity Love 💜 Of Princess Angel And Demon PrinceOù les histoires vivent. Découvrez maintenant