Zawgi..
အချိန်သည် လူကိုမစောင့်ဆိုသည်အတိုင်း နာရီလက်တံလေးရဲ့ ပြောင်းလဲမှုနဲ့အတူ ရာသီတွေ ပြောင်းပြီးရင်းပြောင်းကာ လေးနှစ်တာအချိန်တစ်ခုကိုရောက်လေပြီ ။
လော့ရန် သည် မြေအောက်အဖွဲ့အစည်းက ဂိုဏ်းကို တပည့်ဖြစ်သူ ဟူရယ်အား လက်ပြောင်းပေးလိုက်ပေကာ စီပွားရေး အရှင်ဆိုတဲ့ အမည်ခံနဲ့သာ နေထိုင်လေတော့သည် ။ ဖြစ်ရသည့်အကြောင်းကတော့ ခုဆို သုံးနှစ်အရွှယ်ပင် ပြည့်တော့လေမည့် သားဦးလေးကြောင့်ပင် ။
ချယ်လင်းသည်လည်း ဆိုင် ကို ကျွေ့ ကို အပြီးလွဲထားလေကာ ရံခါဖန်ခါသာ သွားလည်သည့်အမှုပြုလေသည် ။
သားလေးကို ပြုစု ရင်း နဲ့သာ တူတူ ပျော်စရာအချိန်တွေဖြုန်းနေတတ်လေသည် ။ အမြဲတမ်း ကလေးနဲ့အပြိုင် ကလေးလုပ်တတ်သည် လူဇိုးအတတ်ကြီးကိုရောပေါ့ ။
အိမ်ထောင်ရှင်မကောင်း အိမ်ထောင်ဦးစီးကောင်း အဖြစ်နှစ်ယောက်သား ရှင်သန်နေထိုင်လေသည် ။ နှစ်ယောက်သားရဲ့နေ့ရက်တိုင်းသည် သာယာကြည်နူးမှု ရက်ရာဇာပင် ။
အဓိက zဆောင် နောက်အတွဲလေးကတော့လား ။
သူတို့ကတော့ ချစ်သူရည်စားတွေပင်ဖြစ်နေဆဲ ။ ဟန်စစ်လေးက ငယ်လွန်းသေးသည်မို့ ကျောင်းပြီးမှလက်ထပ်ဖို့ရွှယ်ထားလေခြင်း ။ အမှန်တော့ လေးနှစ်ပြည့်တဲ့ဒီအချိန်တွင် ဟန်စစ်လေးကျောင်းပြီးခဲ့လေကာ အရမ်းကိုပေါက်လွန်းတဲ့ webtoon ရေးသူတစ်ယေါက်တောင်ဖြစ်ပြီဖြစ်ကာ စာအုပ်တွေ တောင်ထုတ်ကာ ၀ါသနာကနေ ၀မ်းကျောင်းနေနိုင်လေအထိ တောင်ဖြစ်နေလေသည် ။
ချန်းရန်ရဲ့ ခရီးသွားအေဂျင်စီကလည်း နိုင်ငံတကာတောင် ထိုးဖောက်နေသည်အထိ အောင်မြင်နေတဲ့ လုပ်ငန်းဖြစ်နေချေလေပြီ ။ ဒီတော့ နှစ်ယောက်သား အဆင့်သင့်ဖြစ်နေလေတဲ့ အချိန်အခါတစ်ခုရောက် လာခဲ့ပြီပေါ့ ။
STAI LEGGENDO
Colourless [System] 💜 Infinity Love 💜 Of Princess Angel And Demon Prince
FantasySYSTEM TYPE(zaw and uni) #1(angelsanddemons) 9.10.2021 #1(fujoshi) 9.1.2022 #1(owncreation)24.7.2022 ဖြူစင်ပြီး သနားကြင်နာတတ်သော နတ်သမီး ယူရီဒိုက်စ် (Eurydice) နဲ့ နတ်ဆိုးတစ်ဝက် အိန်ဂျယ် တစ်ဝက် အော်ဖီးရပ်စ်(Orpheus) နှစ်ဦးသား အမ...