Zawgi...
🎶📱🎵🎶📱🎵🎶📱🎵
Alan သံလေး တစ်ခုကြောင့် ဟန်တာ အိပ်ပျော်နေခြင်းကနေနိုးထလာမိလေသည် ။ ဟန်တာ နိုးနိုးချင်းခံစားမိသည်က မိမိရင်ခွင်ထဲရောက်နေတဲ့ နွေးထွေးမှုလေးတစ်ခု ။
ပင်လယ် ပြာ မျက်ဝန်းလေးတွေကို အသာဖွင့်ကာကြည့်လိုက်တော့ အလင်းမှိန်မှိန်လေးတွေကြားထဲတွင် မိမိကို ဖက်ရက်သားရှိနေတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့လိုက်ရပေသည် ။ ဖြူဝင်းနေသောအသားအရည်လေးကလည်း အထင်းသားရှိနေကာ ခရမ်းရောင် ရှပ်အင်္ကျီအပွကြီးကိုလဲ ၀တ်ဆင်ထားမှုကြောင့် ကပိုကရိုလေးဖြစ်နေပေသည် ။
မျက်နှာလေးကတော့ မိမိရဲ့ ရင်ခွင်နဲ့ ကွယ်နေသဖြင့် မည်သူမည်ဝါမှန်းမသိရပေမယ့် ထိုကောင်မလေးရဲ့ နှစ်သက်ဖွယ် ကိုယ်သင်းရနံလေးက ခေါင်းလေးထဲကို တိုးဝင်လာပေသည် ။
ဘာတွေဖြစ်နေခဲ့မုန်း မသိလေလိုက်ခြင်းကြောင့် ဟန်တာတစ်ယောက် စိတ်ခြောက်ခြား အံသြစွာနဲ့ပင် ကောက်ထိုင်လိုက်ပေသည် ။မိမိကိုယ်ကို ပြန်ကြည့်မိလေတော့ အပေါ်ပိုင်းက အ၀တ်အစားမရှိ ကာ ကျစ်လစ်တဲ့ ကိုယ်အထက်ပိုင်းကို လှစ်ဟပြနသေလိုဖြစ်နေပေသည် ။ အောက်ပိုင်းကျပြန်တော့လည်း အောက်ခံလေး တစ်ထည်သာ ရှိနေလေသည်အဖြစ်ပေ ။
'ရှင်နိုးလာပြီလား...´
နူးညံတဲ့ အသံလေးကြားလေတော့ မိမိဘေးမှာ တစ်ဦးဦးသော ကောင်မလေးကို ဟန်တာ သေချာကြည့်မိပေသည် ။ ဒါက သူရဲ့ မြတ်နိုးရာ နတ်ဘုရားမလေး မလား ။
'မမြင်ဘူးတာလဲ မဟုတ်ပဲ ဘာလို့ အံသြသလိုစိုက်ကြည့်နေတာတုန်း...´
ကလဲရာ မိမိကို ငေးကြည့်နေသော ပင်လယ်ပြာမျက်ဝန်း နဲ့ ပိုင်ဆိုင်သူအပိုင်းအစကို ထိုသို့ ဆိုလိုက်လေလိုက်ကာ ကုတင်ပေါ်တွင် ဟန်တာနည်းတူ ထ ထိုင်လိုက်ပေသည် ။
ESTÁS LEYENDO
Colourless [System] 💜 Infinity Love 💜 Of Princess Angel And Demon Prince
FantasíaSYSTEM TYPE(zaw and uni) #1(angelsanddemons) 9.10.2021 #1(fujoshi) 9.1.2022 #1(owncreation)24.7.2022 ဖြူစင်ပြီး သနားကြင်နာတတ်သော နတ်သမီး ယူရီဒိုက်စ် (Eurydice) နဲ့ နတ်ဆိုးတစ်ဝက် အိန်ဂျယ် တစ်ဝက် အော်ဖီးရပ်စ်(Orpheus) နှစ်ဦးသား အမ...