Zawgi...
မကြာခင် အကောက်ကြံခံရမည်ကို မသိသေးသော နန်းတွင်းရဲ့ တော်ဝင်ဥယာဉ်ထဲမှ နှစ်ယောက်သည် အတိုင်အဖောက်ညီညီနဲ့ပင် main ကမ္ဘာကို ပြန်နိုင်ဖို့ အတွက် တိုင်ပင်ဆွေးနွေးနေကြပေသည် ။
ဘယ်လိုဆွေးနွေးနေသလဲဆိုတော့ ချီအာသည် ပန်းဥယာဉ်ကြီးရဲ့ သူထိုင်ကာတီးနေကြ ချယ်ရီပန်းပင်ကြီး အောက်တွင်ထိုင်ကာ ဗျက်ဆောင်းတီးနေကာ အိမ်ရှေ့စံ မင်းသားဖြစ်တဲ့ ဖုန်းရန်ကတော့ ဗျက်ဆောင်းဘေးနားတွင်ထိုင်ကာ ဗျက်ဆောင်းတီးနေသည့် ချီအာကို လက်ထောက်ကာ ထိုင်ကြည့်နေလေသည် ။
'အိမ်ရှေ့စံ... ဒီတိုင်းပဲ ထိုင်နေတော့မှာလား...´
ချီအာသည် မိမိအားTv အစီအစဉ်တစ်ခုကြည့်သလို စိတ်ဝင်တစားကြည့်နေသူ ဖုန်းရန်ကိုမေးလိုက်ခြင်းပင် ။
'ဒီတိုင်းထိုင်မနေလို့ ဘယ်လိုနေရမှာလဲ..ကနေလို့မှမရတာ..´
'အယ်လို့မဟုတ်ဘူးလေ.... အမတ်ချုပ်ကြီး ကို ပြန်တိုက်ဖို့ plan တွေဘာတွေ မဆွဲတော့ဘူးလား...´
'ပြောတာတောင် နောက်ကျနေသေးတယ် plan တွေက အကုန်ချထားပြီးပြီခင်ဗျ.´
' ဟုတ်လား ဘယ်တုန်းကလဲ ချီအာ ကိုလည်း ပြောပြလေ...´
' ဘာမှစိတ်မပူနဲ့ မကြာခင်လာမည်ပေါ့...မယ်တော်ရဲ့ မွေးနေ့မှာ စီစဉ်ထားတယ်...ကိုယ့်သာယုံလိုက်...´
'ယုံပါတယ်.. ကျွန်တော်တို့နှစ်ယောက်လုံး အပြင်ကိုတူတူ ပြန်ထွက်နိုင်မှာ..´
လက်မကလေးထောင်ကာ အမှုအရာအချို့နဲ့ ပုံဖော်ပြနေသော ရှေ့ကကောင်လေးကြောင့် ဖုန်းရန် ပြုံးမိသွားလေသည် ။ ဒီပုံလေးတွေက တကယ်ကို ချစ်စရာကောင်းလွန်းတယ် ။
main ကမ္ဘာမှာဆို ချီအာရဲ့ပုံလေးက ဘယ်လိုဖြစ်မည်ဆိုသည်ကိုလည်း ဖုန်းရန် သိချင်ပေသည် ။ ခုလိုပဲ ချစ်ဖို့ကောင်းကာ ကလေးဆန်တတ်လေမလားလို့ပင် ။
VOUS LISEZ
Colourless [System] 💜 Infinity Love 💜 Of Princess Angel And Demon Prince
FantasySYSTEM TYPE(zaw and uni) #1(angelsanddemons) 9.10.2021 #1(fujoshi) 9.1.2022 #1(owncreation)24.7.2022 ဖြူစင်ပြီး သနားကြင်နာတတ်သော နတ်သမီး ယူရီဒိုက်စ် (Eurydice) နဲ့ နတ်ဆိုးတစ်ဝက် အိန်ဂျယ် တစ်ဝက် အော်ဖီးရပ်စ်(Orpheus) နှစ်ဦးသား အမ...