Zawgi...
Colourless တစ်ယောက် ခရမ်းရောင် အလင်းစုရဲ့ ခေါ်ဆောင်မှုကြောင့် ရောက်လာသည့်နေရာ စူစမ်းကြည့်မိလိုက်လေသည် ။
အခန်းတစ်ခုတွင် ရောက်နေခြင်းဖြစ်လေကာ အပြင်အဆင်ကတော့ ရှေးဆန်လွန်းသည် ။ အခန်းတစ်ခုလုံးသည် အရောင်နှနှလေးတွေနှင့်သာ စီခြယ်ထားလေကာ ကြည့်လိုက်သည်နှင့် ထိုအခန်းပိုင်ရှင်သည် နှနယ် သိမ်မွေ့ဆိုတာ သိသာလွန်းပေသည် ။
Colourless အခု ထိုင်နေသည်က ကြေးမှန်ချပ် တစ်ခုအရှေ့တွင်ဖြစ်လေကာ ရှေးဟောင်းဝတ်စုံ အပြာရောင်လေးကိုဝတ်ဆင်ထားသော ကောင်မလေးက မိမိအား ဆံနွယ်များ ဖီးလိမ်းချယ်သပေးနေခြင်းပင် ။
Colourless ကြေးမှန်ချပ် ထဲက မိမိဝင်ထားလေသော ခန္တာပိုင်ရှင်ရဲ့ အသွင်အပြင်ကို ကြည့်မိလေတော့
အပါးပါး ။ နှင်းကဲ့သို့ ဖွေးနှနေသော အသားအရည်လေး ၊ ပြီးတော့ သွယ်လျသောနှာတံလေး ၊ ဆေးကူစရာမလိုဘဲ နီဆွေးနေသော နှုတ်ခမ်းသားရဲရဲလေးတွေ ၊ v shaped ပုံစံမေးရိုးလေး တွေ က ပြီးပြည့်စုံတဲ့ အလှတရား ဆိုသော အရာကို ပုံဖော်နေကြသည် ။ ကော့စင်းလေသော မျက်တောင်ရှည်လေးများသည် ကြယ်စင်လို အလှတရားနဲ့ မျက်ဝန်းတစ်စုံကို အကာအကွယ်ပေးထားသေးသည် ။
မျက်နှာတစ်ခုလုံးသည် နတ်ဆေးပန်းချီလေးကဲ့သို့ပင် ချောမောလှပလွန်းပေသည် ။သိုပေ တစ်ခုထူးဆန်းသည်က ရှိပေသည် ။ ထိုသည်ကတော့ နှဖူးထက်က နီရောင်ရင့်ရင့် အမှတ်အသားလေးတစ်ခုပင် ။
'သခင်လေး က လှလိုက်တာနော်... ဒါကြောင့် သခင်ကြီးနဲ့သခင်မကြီးတို့က စိတ်မချဖြစ်နေတာနေမှာ..'
မိမိရဲ့ ခေါင်းကဆံနွယ်တွေဖြီးလိမ်းပြင်ဆင် ပေးတဲ့ ကောင်မလေးက ဆိုလိုက်တဲ့စကားပင် ။
💭 သခင်လေးဆိုတာ ဘာတုန်း ငါ ကမိန်းကလေးမဟုတ်ဘူးလား..💭
YOU ARE READING
Colourless [System] 💜 Infinity Love 💜 Of Princess Angel And Demon Prince
FantasySYSTEM TYPE(zaw and uni) #1(angelsanddemons) 9.10.2021 #1(fujoshi) 9.1.2022 #1(owncreation)24.7.2022 ဖြူစင်ပြီး သနားကြင်နာတတ်သော နတ်သမီး ယူရီဒိုက်စ် (Eurydice) နဲ့ နတ်ဆိုးတစ်ဝက် အိန်ဂျယ် တစ်ဝက် အော်ဖီးရပ်စ်(Orpheus) နှစ်ဦးသား အမ...