Zawgi..
'ဟိုတစ်နေ့က စကားပြောနေတုန်း ရုတ်တရက်ကြီး ထသွား ပြီးတော့ အခန်းထဲက နှစ်ရက်လောက် ထွက်မလာတော့ ကိုယ်စိတ်ပူသွားတာ..တစ်ခုခုဖြစ်သွားလို့လား ချာတိတ် .. ကိုယ်တစ်ခုခုမှားတာလုပ်မိလို့လား..´
ဆာလေ စကားပြောနေရင်းပင် လွဲသွားလေတဲ့ ရေး မျက်နှာ ရှိရာဘက်ကို နေရာထပ်ပြောင်းလိုက်လေသည် ။
'အယ့်လိုမဟုတ်ပါဘူး... ကျွန်တော်က..ဒီလို ပါ..ပဲ´
ရေး မျက်နှာကိုထပ်လွဲကာ ပြောနေပေသည် ။
ထိုချာတိတ်လေးသည်လည်း မျက်နှာကို လွဲနေက ပြန်ဖြေနေခြင်းမို့ ဆာလေ ထို ချာတိတ်လေး စကား မဆုံးခင် လက်မောင်းတစ်ဖက်စီကို ကိုင်လိုက်ကာ လမ်းလျှောက်နေခြင်းကို ရပ်တန့်စေလိုက်ပေသည် ။
ဒါတောင် မျက်နှာလေးက လွဲထားပေသေးသည်သည်မို့
'ကိုယ့်ကိုကြည့်...´
အမိန့်ပေးသံလေး နည်းနည်းပါလေတော့မှ မိမိအား ပြန်ကြည့်လာသောချာတိတ်လေးပင် ။
ရေး ဗိုလ်မှုး ဆာလေကို ကြည့်မိလိုက်လေတော့ လှပပြီးစူးရဲ မျက်ဝန်းအစုံကို အကြည့်ရောက်သွားလေသည် ။ မျက်ဝန်းလေးများက ပယင်းရောင်လေး သန်းနေကာ မိမိမှာလဲ ထိုအရောင် မျက်ဝန်းရှိသော်လည်း ထိုသူရဲ့မျက်ဝန်းက ပိုပြီး အရောင်ရင့်ကာ သားရဲဆန်လွန်းနေသည် ။ ရေး ကျောလေးတောင် အနည်းငယ်မတ်သွားလေသည် ။
'တစ်ခုခုတော့ ဖြစ်နေတယ်မလား.. ကိုယ့်ကိုပြော...´
'အယ်တာကလေ...ဟို...´
ပြောလေ နားထောင်နေတယ် ဆိုတဲ့ပုံစံနဲ့ ဆာလေ သည် ရေးအားကြည့်နေပေသည် ။ သေးသွယ် ကျစ်လစ်လေတဲ့ လူငယ်လေးရဲ့ လက်မောင်းထက်မှ လက်ကလေးများကိုလဲ မလွှတ်ချသေးပဲပေါ့ ။
'ကျွန်တော် စိတ်ထိန်းလို့မရလို့..´
'ဘာကို စိတ်ထိန်းလို့မရတာလဲ..´
ESTÁS LEYENDO
Colourless [System] 💜 Infinity Love 💜 Of Princess Angel And Demon Prince
FantasíaSYSTEM TYPE(zaw and uni) #1(angelsanddemons) 9.10.2021 #1(fujoshi) 9.1.2022 #1(owncreation)24.7.2022 ဖြူစင်ပြီး သနားကြင်နာတတ်သော နတ်သမီး ယူရီဒိုက်စ် (Eurydice) နဲ့ နတ်ဆိုးတစ်ဝက် အိန်ဂျယ် တစ်ဝက် အော်ဖီးရပ်စ်(Orpheus) နှစ်ဦးသား အမ...