Zawgi...
'ဖေးဖေး ..´
ကျို့ရန် ဧကရီလေးရဲ့ အမည်ကို ခေါ်လိုက်ပေသည်။
'ဟုတ်ကဲ့ရှစ်စွမ်း..´
'ဒီရက်ပိုင်း မှာ အော့တာအန်တာ လက္ခဏာ ကိုယ်တွင်းမှာ ပြလေသေးလား..´
'တပည့်မှာတော့ မပြဘူးရှစ်စွမ်း... ကောကောကတော့ လွန်ခဲ့တဲ့တစ်ပတ်ကနေ အခုထိ အချိန်တိုင်းအော့အန်နေတာ..သမားတော်တွေကလဲ ရောဂါရှာမတွေ့ဘူးတဲ့ ..´
ကျို့ရန် တပည့်မပြောသည်ကိုကြားလေတော့ တစ်ချက်တောင်ပြုံးရယ်မိသွားလေသည် ။ ထင်ထားလေတဲ့အတိုင်းပဲ အဆိုးလေးရဲ့ လက်ချက်ပေပဲကို ။
'ဇီလောင် မင်း ပို ပို ဂရုစိုက်ရတော့မှာပဲ.´
ကျို့ရန် ပြောလေသည့်စကားကို နားမလည်ဟန်နဲ့ နှစ်ဦးသားစိတ်ဝင်တစားနားထောင်နေကြတော့တယ် ။
' မင်းတို့ တွေ ငါကို အဖိုးအရွှယ်ရောက်အောင်လုပ်နိုင်ခဲ့ပြီပဲ..´
'ဗျာ ဦးရီးတော်ဆိုလိုတာ...ဖေးဖေးမှာ ...´
💭 ဒီလိုဖြစ်နိုင်ပါ့မလား သမားတော်တွေ ပြောတာက ဟိုအမွေးနံသာက လပိုင်းလောက်ဆိုရင်တောင် သားအိမ်ကိုထိခိုက်စေတယ်တဲ့လေ တစ်နှစ်ကျော်နီးပါးဆို သန္ဓေသား လုံးဝမတည်နိုင်ဘူးလို့ဆိုခဲ့တာ..ဦးရီးတော် ဆိုလိုတာက ငါတွေးသလို ဟုတ်ပါ့မလား..💭
ဇီလောင် ဦးရီးတော်ကို မ၀ံမရဲ စိတ်နဲ့မေးလိုက်လေသည် ။
'ဟုတ်တယ် မင်းတို့ရဲ့ သန္ဓေသားလေးက တစ်ပတ်တောင်ရှိရော့ပြီပဲ.. မင်းအော့အန်တယ်ဆိုတာလည်း ကလေးကြောင့်ပဲ .. အယ့်ကလေးမှာ ယင်ဓာတ်တွေပြည့်နေလို့ သန္ဓေလွယ်ထားတဲ့ မိခင်ကလည်း ယင်ဓာတ်တွေ ပြည့်နေတယ်.. သန္ဓေတည်ပြီးမှ မင်းတို့တွေ တူတူနေမိလိုက်တဲ့အခါ ယင်ဓာတ်အချို့ မင်းဆီကူးလာပြီးတော့ ကိုယ်ဝန်ဆောင်လက္ခဏာတွေက မင်းဆီရောက်လာတာပဲ... ရှောင်ပေါ့ကွာ. တစ်နှစ်တစ်တင်းလောက်ပါပဲ..´
KAMU SEDANG MEMBACA
Colourless [System] 💜 Infinity Love 💜 Of Princess Angel And Demon Prince
FantasiSYSTEM TYPE(zaw and uni) #1(angelsanddemons) 9.10.2021 #1(fujoshi) 9.1.2022 #1(owncreation)24.7.2022 ဖြူစင်ပြီး သနားကြင်နာတတ်သော နတ်သမီး ယူရီဒိုက်စ် (Eurydice) နဲ့ နတ်ဆိုးတစ်ဝက် အိန်ဂျယ် တစ်ဝက် အော်ဖီးရပ်စ်(Orpheus) နှစ်ဦးသား အမ...