Zawgi..
ဂျူလီယာ အကိုဖြစ်သူကို စာပို့ပြီးသည်နှင့် အိမ်မှ ထွက်လာပြီး လမ်းထိပ်က စတိုးဆိုင်ကို ဦးတည်သွားလိုက်သည် ။ ခြေထောက် မနာတော့ပေမယ့် လမ်းလျှောက် ရသည်ကတော့ ပတ်တီးများကြောင့် အနည်းငယ်အဆင်မပြေပေ ။ စတိုးဆိုင်ရောက်သည်နှင့် ဗိုက်ဆာလာသည်မို့ ပေါင်မုန့်များနဲ့ ကော်ဖီတစ်ခွက်ကို ၀မ်းရေးဖြည့်ရန် ၀ယ်လိုက်ပြီး စတိုးဆိုင်အရှေ့မှ လုပ်ပေးထားသော ထိုင်ခုံ နေရာ ထိုင်ကာ ၀ယ်ထားသည်များကို ဇိမ်ကျကျ ဖောက်စားနေလိုက်ပေသည် ။
'တစ်ယောက်ထဲစားနေတာပဲ ခေါ်မကျွေးတော့ဘူးလား..´
အသံနဲ့အတူ အသံပိုင်ရှင်သည် ဂျူလီယာရဲ့အရှေ့ကိုရောက်လာပေသည် ။ ဂျူလီယာ ထိုသူ ဘယ်သူလဲဆိုသည်ကို မကြည့်ပါဘဲ သိလိုက်ပေသည် ။ ထိုအသံပိုင်ရှင်သည် သူမ အထက်တန်းကျောင်းတုန်းက သူမရဲ့ crush ဆိုသည်ကိုပေါ့။
'ဘာစားချင် လို့လဲစားလေ ဂျူလီယာ ၀ယ်ကျွေးမယ်..´
နောက်မှ ဂျူလီယာ သတိရသွားလေသည် ကယ်ဗင်သည် စတိုးဆိုင် မုန့်တွေမှ မစားတာ ။ သူမ၀ယ်ပေးသည့် နွားနို့ ဘူးလေးမှ လွဲရင်ပေါ့ ။ ဂျူလီယာ စတိုးဆိုင်ထဲဝင်ကာ ကယ်ဗင်အတွက် ၀ယ်ပေးနေကျ နွားနို့ဘူးလေး ကို ၀င်ဝယ်ကာ ကယ်ဗင် ရှေ့ချပေးလိုက်လေသည် ။ ကယ်ဗင် ကတော့ တစ်ချက်ပြုံးလိုက်ရင်း နွားနို့ဘူးလေးကို ဖောက်ကာ သောက်လိုက်လေသည် ။
'ဒီဟာလေးတောင် မသောက်ဖြစ်တာအတော်ကြာပြီ.´
ကယ်ဗင် နှစ်ကိုယ်ကြားရုံ တီးတိုးဆိုလိုက်လေသည် ။
'ဒီကိုဘာလာလုပ်တာလဲဟင်...´
ဂျူလီယာသည် ကယ်ဗင်ကို မေးလိုက်သည် ဖြစ်ပေသည် ။
'မင်းဆီ သတင်းလာမေးရင်း မင်းကိုတွေ့လို့် ဝင်လာတာလေ.. ဘယ်လိုလဲခြေထောက်သက်သာသွားပြီလား...´
STAI LEGGENDO
Colourless [System] 💜 Infinity Love 💜 Of Princess Angel And Demon Prince
FantasySYSTEM TYPE(zaw and uni) #1(angelsanddemons) 9.10.2021 #1(fujoshi) 9.1.2022 #1(owncreation)24.7.2022 ဖြူစင်ပြီး သနားကြင်နာတတ်သော နတ်သမီး ယူရီဒိုက်စ် (Eurydice) နဲ့ နတ်ဆိုးတစ်ဝက် အိန်ဂျယ် တစ်ဝက် အော်ဖီးရပ်စ်(Orpheus) နှစ်ဦးသား အမ...