Zawgi..
ဖလော့ ဒီနေ့ ရုံးတွင် အလုပ်များနေခြင်းဖြစ် ပေသည် ။ အလုပ်ချိန် ပြီးသွားတော့ တော်တော်လေး ညတောင်မိုးချုပ်နေလေပြီ ။ ထိုအခါမှ တိုက်ခန်းဆီသို့ ပြန်လာလိုက်သည် ။
ဖလော့ တိုက်ခန်းအရှေ့အရောက် တွေ့လိုက်တာ အရိပ်သေးသေးလေး ။ တိုက်ခန်းရှေ့မှာ ငိုက်နေတာဖြစ်ပြီး ကျောင်းသားဖြစ်ပုံရသည် ။ မျက်မှန် ၀ိုင်းဝိုင်း လေး ကလည်းတတ်ထားသေးသည် ။ ဘယ်လိုလေးမှန်းကို မသိတာပါ ။ သူ့ တိုက်ခန်းရှေ့မှ ထို အနှီးသေးသေးလေးအားနိုးရန် ပြင်လိုက်သည် ။
'ကောင်လေး...´
အသံခေါ်ပြီး နိုးလိုက်တော့ ထိုင်ငိုက်နေရာကနေ ထလာတဲ့ ကောင်လေး ။
'အကို့ တိုက်ခန်းရှေ့မှာ ဘာထိုင်လုပ်နေတာလဲ..´
'ဗျာ ဒါ အကို့ တိုက်ခန်းလား... ကျွန်တော် လိပ်စာလဲမမှားပါဘူး...မမ ဒေါင်းကို ဘယ်လိုရှာမှာလဲ..´
ငိုတော့မယ့် အသံလေးနဲ့ ဖုန်းထဲက လိပ်စာလေးကို ထုတ်ကာ လိပ်စာကို ထုတ်ကြည့်ကာ ပြောနေသော ထို လူသားလေး ။
'ငိုတော့ မငိုချလိုက်ပါနဲ့ အကို့ ကိုလိပ်စာပြ... တိုက်ခန်းမှားနေတာဖြစ်လောက်တယ်...´
ဆိုကာ ထိုလူသားကောင်လေး လက်ထဲက လိပ်စာယူကြည့်လိုက်တော့ အမှန်ကို သူ့တိုက်ခန်းလိပ်စာပင် ။
'ဟူး ဒီနေ့တော့ စာအုပ်မရတော့ဘူးထင်တယ်..ထားလိုက်တော့ နောက်နေ့မှပဲ မမဒေါင်းကို လိပ်စာပြန်မေးလိုက်ပါ့မယ်..´
တစ်ယောက်ထဲငြီးပြီးထိုကောင်လေး ထွက်သွားမည် ပြုတော့မှ ဖလော့ ဆွန့်မှာထားတဲ့ ကိစ္စတစ်ခုကို သတိရသွားသည် ။ ဆွန့် သူကို ဟိုတစ်နေ့က ဘာစာအုပ်လဲမသိထည့်ထားတဲ့ အထုတ်တစ်ထုတ်ကို လာထားသွားလေသည် ။ ကောင်လေးတစ်ယောက် လာယူရင် ပေးပေးလို့လဲ မှာသွားသေးသည် ။ ထိုကောင်လေး ပြောနေတဲ့ ဒေါင်းတို့ စာအုပ်တို့အရဆို ဆွန့်ပေးခိုင်းတဲ့ ကောင်လေးဖြစ်ချေလိမ့်မယ် ။
ESTÁS LEYENDO
Colourless [System] 💜 Infinity Love 💜 Of Princess Angel And Demon Prince
FantasíaSYSTEM TYPE(zaw and uni) #1(angelsanddemons) 9.10.2021 #1(fujoshi) 9.1.2022 #1(owncreation)24.7.2022 ဖြူစင်ပြီး သနားကြင်နာတတ်သော နတ်သမီး ယူရီဒိုက်စ် (Eurydice) နဲ့ နတ်ဆိုးတစ်ဝက် အိန်ဂျယ် တစ်ဝက် အော်ဖီးရပ်စ်(Orpheus) နှစ်ဦးသား အမ...