Arc-7(ep-10) Beast princess ; kitty lion

518 69 18
                                    

Zawgi...

ဧကရီ​လေးသည်​ လီရာကိုမြင်​​လေ​သောအခါမှာ​ပျော်​ရွှင်​သွား​လေသည် ။ မိမိဆီဦးတည်​လာ​သော အသည်းအသက်​​လေးကို ​ပွေ့ချီလိုက်​​လေသည်​ ။

'ကျဲကျဲ ကလွမ်း​နေတာ.. ကျဲကျဲကို သတိရ​သေးလား ပိုင်​ယမ်​​လေး..´

ဖေး​ဖေး ကဆို​တော့ လီရာ​ခေါင်​​လေးငြိမ့်​ကာ မျက်​နှာ​လေးမဲ့​လေးတဲ့အမှုအယာ​လေးလုပ်​လိုက်​​လေသည်​ ။ သူလဲလွမ်း​​လေသည်​​ပေါ့ ။

'အာ ချစ်​စရာ​ကောင်းလိုက်​တာ.. ​´

ခေါင်း​လေး ပွတ်​သပ်​​ပေးလိုက်​​တော့ မှုလကိုယ်​ရဲ့ သ​ဘောသဘာဝအတိုင်း ဇိမ်​ယူ​နေတဲ့လီရာပင်​။ကြည့်​​နေ​လေတဲ့ ကျိုရန်​က​တော့ သိပ်​မ​ကောင်း​လေ​တော့​သော ​စိတ်​အ​ခြေအ​နေနဲ့ပင်​ ။

💭 အ​ကောင်​​ပေါက်​ အခြားရဲ့ရင်​ခွင်​မှာ ဇိမ်​ကျ​နေတယ်​​ပေါ့​နေ.. အဆိုး​လေး မင်း​လေး​တော့ မလွယ်​ဘူးမှတ်​.. ​နောက်​တစ်​ခါ ဒီလိုထပ်​မလုပ်​ရဲ​အောင်​ကို အပြစ်​​ပေးခံရမယ်​..💭

'ရှစ်​စွမ်း ပိုင်​ယမ်​​လေး က ရှစ်စွမ်း​​ဆီမှာ လိမ္မာတယ်​မဟုတ်​လား...´

'​ပြောစကား​​တော့နား​ထောင်​ပါတယ်​... ´

'ဟုတ်​သား ပိုင်​ယမ်​က အရမ်းသိတတ်​တာ​လေ.. ပြီး​တော့ ဒီလို​လေး​တွေ ​ခေါင်းကို ပွတ်​သပ်​​ပေးရင်​ အရမ်းသ​ဘောကျတာ .. ​တွေ့လား မျက်​လုံးကိုမှိတ်​ပြီး​တော့​ကို သ​ဘောကျ​နေတာ... ချစ်​စရာ​ကောင်းလိုက်​​တာ​နော်​...´

ကျို့ရန်​ ​ခေါင်းငြိမ့်​ပြီး လက်​ခံ​ကြောင်းပြလိုက်​​ပေသည်​ ။ ​ခေါင်း​ထဲတွင်​​လေး အ​ကောင်​​ပေါက်​​လေးအတွက်​ အကြံတစ်​ခုဝင်​လာ​ပေသည်​ ။

လီရာက​တော့ မျက်​၀န်း​လေးမှိတ်​ထားပြီး ဇိမ်​ခံ ​နေပြီး ဗိုက်​ထဲက ပိစိ​လေးကို အာရုံခံကြည့်​​နေ​လေသည်​။

ကောင်း​ကောင်း​လေး ကြီပြင်း​နေသည့်​ ပိစိ​လေးပင်​။လူသား အစိတ်​အပိုင်း​တွေလဲ တဖြည်းဖြည်း စုံလင်​စပြ​နေ​ပေသည်​။ ထိုပိစိ​လေး က မိမိကို ရင်းနှီး​လေသည့်​အလား ဖြစ်​တည်​မှုရဲ့ ပင်​ကိုယ်​အာရုံ​လေးနဲ့ တုံပြန်​လာ​လေသည်​ ။

 Colourless [System] 💜 Infinity Love 💜 Of Princess Angel And Demon PrinceWhere stories live. Discover now