Zawgi..
'အကို ´
'ပြောလေ ပေါက်စရဲ့ ဘာပြောမလို့လဲ...´
'အကို ရေသတ္တ၀ါလေးတွေ လေ့လာတဲ့အလုပ်လုပ်တာလဲဟင်´
အလိုင်ရာ ခရစ်စဖာရဲ့ ပေါင်လေးပေါ် ခေါင်းလေးအုံးရင်းမေးနေခြင်းပင် ။ ခရစ်စဖာသည်လည်း အလိုင်ရာအား ငုံကြည့်ကာ ပျော့ပျောင်းနေသော ဆံနွယ်အပြာလေးများကို ဆော့ကစားရင်း
'အကိုက သူတို့ ကို မြတ်နိုးတယ်လေ... သူတို့ကို လေ့လာရတာပျော်တယ်..ဒါကြောင့်မို့ ဒီအလုပ်ကိုရွေးခဲ့တာပေါ့... ၀င်ငွေလည်းရသလို ၀ါသနာလည်းဖြစ် ပြီးတော့ ကိုယ့်ဒယ်ဒီကိုကူညီပေးရာ လည်းရောက်ကောင်းရောက်နိုင်လို့လေ...´
ပြီးတော့ ကိုယ်လည်း တစ်စုံတစ်ယောက်ကို ရှာချင်လို့ဆိုတဲ့စကားကိုတော့ ခရစ်စဖာ စိတ်ထဲကနေရေရွတ်လိုက်လေသည် ။ အတိတ်နေ့ရက်တစ်ခု ခရစ်စဖာ အသက် 11နှစ်သားအရွယ်မှာ ဆုံခဲ့ဖူးတဲ့ ရေသူသေးသေးလေးတစ်ယောက်ကိုပေါ့ ။
ခရစ်စဖာ ထိုသို့ အဖြေပေးလေတော့ အလိုင်ရာ ခရစ်စဖာရဲ့ ပေါ်င်ပေါ်မှထကာ ခရစ်စဖာရဲ့ နက်မှောင်သော မျက်ဝန်းအစုံကို သူရဲ့ အပြာရောင်လဲ့နေသော မျက်ဝန်းအစုံနဲ့ စူးစိုက်ကြည့်ကာ အကြည့်ချင်းဆုံစေလိုက်လေသည် ။
'အကို အကယ်၍လေ အကယ်၍များ ကျွန်တော်က လူတစ်ယောက်မဟုတ်ဘဲ ရေသတ္တ၀ါလေး တစ်ကောင်ဖြစ်ရင်ကော အကို ကျွန်တော်ကို ကြိုက်ဦးမှာလားဟင်...´
'မကြိုက်ဘူး...´
ခရစ်စဖာရဲ့ အဖြေကြောင့် အလိုင်ရာ မသိမသာညိုးသွားလေသည် ။ ခရစ်စဖာ သူ့စကားကြောင့် ငြိုးသွားတဲ့ပေါက်စကို ကြည့်ကာ တစ်ချက်ပြုံးလိုက်ရင်း ပေါက်စရဲ့ နှာဖျားလေးကို လက်လေးနဲ့ မနာအောင် ဖွဖွလေးဆွဲညစ်လိုက်သည် ။
'ပေါက်စလေးရဲ့ ကိုယ်က မင်းဆိုတဲ့ ဒီပေါက်စလေးကို ကြိုက်တာမဟုတ်ဘူး ချစ်တာ..ဒီရင်ဘက်ကြီးတစ်ခုလုံးနဲ့ ရင်းပြီးတော့ကိုမြတ်နိုး တာ... ပေါက်စ ဘယ်လိုကြီးပဲဖြစ်ဖြစ် ဘာဝါကြီးပဲဖြစ်ဖြစ် ပေါက်စဆိုတဲ့ဖြစ်တည်မှုလေးကို ချစ်တာ... ဒါကြောင့်ကိုယ် ပေါက်စကို မချစ်ဘူးဆိုတဲ့အတွေးလေးမျိုး ပိစိလေးတောင်မဖြစ် ပါနဲ့... ကိုယ့်ရဲ့နှလုံးသားတစ်ခုလုံး အစိတ်အပိုင်းလုံးက ပေါက်စတစ်ယောက်ထဲအတွက်ပဲ ဒါကိုယုံပေးပါနော်...´
YOU ARE READING
Colourless [System] 💜 Infinity Love 💜 Of Princess Angel And Demon Prince
FantasySYSTEM TYPE(zaw and uni) #1(angelsanddemons) 9.10.2021 #1(fujoshi) 9.1.2022 #1(owncreation)24.7.2022 ဖြူစင်ပြီး သနားကြင်နာတတ်သော နတ်သမီး ယူရီဒိုက်စ် (Eurydice) နဲ့ နတ်ဆိုးတစ်ဝက် အိန်ဂျယ် တစ်ဝက် အော်ဖီးရပ်စ်(Orpheus) နှစ်ဦးသား အမ...