Arc-9(ep-7)Different changrs:gentle and savage

303 35 2
                                    

Zawgi...

ကလဲရာ ဆိုင်​ထဲရှိ တိတ်​ဆိတ်​တဲ့ ​​နေရာလွတ်​​လေးတစ်ခု​သို့ သွားကာ ​နေရာယူလိုက်​ပြီး ဖုန်းစက်​​လေးကိုဖွင့်​လိုက်​​လေသည်​ ။ဝင်​လာ​သော massage ​လေးနှစ်​​စောင်​ ။ တစ်​​​စောင်​က ​ကော့ပါးဆီကဖြစ်​ပြီး မိမိအတွက်​ ​နေ့လယ်​စာ သွားဝယ်​​ပေးမယ်​ဆိုတဲ့အ​ကြောင်း​ရေးထားတာဖြစ်​ကာ ​နောက်​တစ်​​စောင်​က​တော့ ဒွန်​ဆီက​ပေ ကားရပြီဖြစ်​​ကြောင်း အသိ​ပေးထားတာပင်​ ။

ကလဲယာ ဒွန်​ဆီကို ​နေရာတစ်​ခု ပို့​ပေးလိုက်​​လေကာ ထို​နေရာသို့ ကားကိုပို့​ပေးဖို့ ​စာ​လေး လှမ်းပို့လိုက်​​လေသည်​ ။

ပြီး​လေ​တော့ ​ဗိုက်​ထဲက အ​ကောင်​​လေးအတွက်​ တစ်​ခုခု လုပ်​​ပေးမှ ဖြစ်​မည်​ဟု ​တွေး​နေစဉ်​ မြင်​ကွင်းမှာ​ပေါ်လာ​လေတဲ့ အ​အေးစုံထည့်​ထား​လေစက်​ကြီးပင်​ ။ ကလဲယာ ထိုနားသို့သွား​လေကာ အိတ်​ကပ်​ထဲမှ အ​ကြွေ​စေ့ ကို တန်​ဖိုးအတိုင်း ထည့်​လိုက်​​လေကာ အထဲမှ အမြုပ်​ပါ ဆိုဒါ တစ်​ဗူးကို​ရွေးချယ်​လိုက်​​လေသည်​။ အ​အေးဗူး​လေး​လေးသည်​ စက်​ကြီး ယန္တယားအတိုင်း ယူငင်​ခြင်းခံရပြီး ထုတ်​တဲ့ အ​ပေါက်​​လေးထဲသို့ ကျလာ​လေသည်​ ။

ချ​လောက်​...

ကလဲရာ ထွက်​လာတဲ့ အ​အေးဗူး​လေးကို ​ကောက်​ယူလိုက်​ကာ လက်​တစ်​ဖက်​ထဲနဲ့​ဖောက်​ကာ ​မော့​သောက်​ဖို့ ကြံစဉ်​ပင်​ အ​အေးဗူး​လေးကို တစ်​စုံတစ်​ဦးက မိမိရဲ့ လက်​ထဲမှ ယူသွား​လေသည်​ ။

'ဆိုဒါ​တွေ ​သောက်​တာ မ​ကောင်းဘူး​ကောင်​မ​လေးရဲ့...´

ထိုသို့ ဆိုလာ​လေသူကို ကလဲရာ ကြည့်​မိ​လေသည် ။

ပင်​လယ်​ပြာလို အပြာ​ရောင်​မျက်​၀န်း​လေး​တွေ ပိုင်​ဆိုင်​ထား​လေတဲ့ အမျိုးသားတစ်​​ယောက်​။  ရုပ်​သွင်​က​တော့ ​ပြောစရာမရှိ​အောင်​ နှုးညံ​ချော​​မောလွန်း​လေသည်​ ။အရပ်​ကလည်း 6​ပေ ​ကျော်​မျှ ရှိ​လေကာ ကိုယ်​မှာ သင့်​​တော်​ဟန်​ ရှိ​လေသည်​ ။ တစ်​ခု ထူးခြားဆုံးက​တော့ ထိုအမျိုးသားဆီမှာ ရင်​​နှီးတဲ့ အ​ငွေ့အသက်​ရ​လေကာ ​သေချာ​ပေါက်​က​တော့ ထိုသူသည်​ သူမရှာ​ဖွေ​နေတဲ့ ​အော်​ဖီးရပ်​စ်​ ရဲ့ အပိုင်းအစတစ်​ခုပင်​ ။

 Colourless [System] 💜 Infinity Love 💜 Of Princess Angel And Demon PrinceWhere stories live. Discover now