Arc-6(ep-13)Zombie land

468 65 7
                                    

Zawgi..

အယ်​လစ်​ဇာ ဗစ်​တာ ကို လိုက်​ရှာဖို့ အပြင်​ကိုထွက်​လိုက်​​ပေသည်​ ။

'ဆရာဝန်​ မ​လေး ဘာဖြစ်​လို့လဲ .. အပြင်​ထွက်​တာ အန္တာရာယ်​များပါတယ်​..အထဲမှါ​နေပါ...´

မက်​သရူးသည်​ အထဲဘက်​ က ကာကွယ်​တိုက်​ခိုက်​​ရေးပိုင်းတာဝန်​ယူထား​လေသည်​မို့ အယ်​လစ်​ဇာကို အတွင်းမှာ​နေဖို့​ပြောလိုက်​​ပေသည်​ ။

'ဗစ်​တာ ကိုလိုက်​ရှာရမယ်​....သူကျန်​ခဲ့တယ်​..´

ကောင်​​လေး ကျန်​ခဲ့တယ်​ဆိုတဲ့စကား​ကြောင့်​ မက်​သရူး ​တော်​​တော်​​လေးလန့်​သွား​ပေသည်​ ။

'ကျွန်​​တော်​ရှာ​ပေးမယ်​...´

'မြို့ အ​နောက်​ဘက်​ကို သွားမယ်​လို့ ​ပြောသွားတယ်​တဲ့..´

'စိတ်​ချပါ ကျွန်​​တော်​ ​ခေါ်လာခဲ့ပါမယ်​.. ဆရာဝန်​မ​လေး သာ လုံခြုံ​ရေးအတွက်​ အထဲမှာပြန်​၀င်​​နေပါ..´

မက်​သရူး အ​ပြေးနှင်​ကာ ဗစ်​တာကိုလိုက်​ရှာ​နေ​ပေ​တော့သည်​ ။

ဗစ်​တာ တစ်​​ယောက်​ ​ဆေးသို​လှောင်​ထား​လေတဲ့ မြို့ရဲ့ အ​နောက်​ဘက်​ သို​လှောင်​ရုံ​နေရာကို ​ရောက်​​နေခြင်းပင်​ ။

ရှာ​လေသည့်​ ​ဆေးက မ​တွေ့သည်​မို့ ​တော်​​တော်​​လေးပင်​ ရှာလိုက်​ရ​သေး​ပေသည်​ ။

တစ်​နာရီကြာ​အောင်​ ​မွေ​နှောက်​ရှာအပြီးတွင်​​တော့ ပြီး​လေသည်​မလို့ သို​လှောင်​ရုံ ​နေရာက​နေ အပြင်​ဘက်​ကို ပြန်​ထွက်​လာ​ပေသည်​ ။ မြို့ရဲ့အ​နောက်​ဘက်​ခြမ်းသည်​ တိတ်​ဆိတ်​​သော ​နေရာဖြစ်​လို့ လူ အသွားအလာရယ်​လို့ မရှိခြင်းပင်​ ။

ဗစ်​တာ ကုသ​ဆောင်​ ဘက်​ကိုပြန်​လာခဲ့​ပေသည်​ ။ သိပ်​မ​ဝေးခြင်း ဖြစ်​လို့​ရော ဒီ​နေ့တွင်​မှ ​နေ​လေးအနည်းငယ်​ပွင့်​လာသလို သာသာယာယာ​လေး ဖြစ်​​နေသည်​မို့ ​ခြေကျင်​သာ ​လျှောက်​ခဲ့ကာ ပတ်​၀န်းကျင်​ကို ​ငေးကြည့်​​နေခြင်းပင်​ ။ ကုသ​ဆောင်​ဘက်​ ​ရောက်​​လေသည်​နီးတာ​တောင်​ လူသူက မ​တွေ့​လေမို့ အနည်းငယ်​​တော့ စိတ်​ထင့်​ မိသလို​တော့ ရှိ​နေ​လေသည်​ ။ ပြီး​တော့ မိမိအား တစ်​စုံက စိုက်​ကြည့်​​နေသလို ခံစားရ၍ လမ်းကိုပို၍ မြန်​မြန်​​လျှောက်​မိ​လေသည်​ ။

 Colourless [System] 💜 Infinity Love 💜 Of Princess Angel And Demon PrinceDonde viven las historias. Descúbrelo ahora