Arc-9 (ep-18) Different changes :gentle and savage

520 45 9
                                    

Zawgi...

ကလဲရာ ပြန်​နိုးလာ​လေ​တော့ ခပ်​​မှောင်​​မှောင်​ အလင်း​ရောင်​ ​လေးသာ ရှိ​နေတဲ့ ​နေရာတစ်​ခု ကိုသာ ခံစားမိပြီး မိမိ​ရောက်​​နေသည်​မှာအိစက်​ငြိမ့်​ညောင်း​လေတဲ့ ခရမ်း​ရောင်​ပိုးသား ​မွေ့ယာကြီး​ပေါ်တွင်​ဖြစ်ေ​လသည်​ ။ လက်​တစ်​ဖက်​က သံ ကုတင်​တိုင်​တစ်တိုင်​နဲ့ ပူးတွဲကာ လက်​ထိပ်​ခတ်​ခြင်း ခံထားရ​လေသည်​ ။

ကလဲရာ ကျန်​ လွှတ်​​နေတဲ့ လက်​ ဖြင့်​ ​ခေါင်းမှာ ထိုးညုပ်​ထားတဲ့ ဆံညုပ်​​ငယ်​​လေးကိုယူလိုက်​ပြီး ထိုခတ်​ထားတဲ့ လက်​ထိပ်​ကို လွယ်​ကူ စွာပဲ ဖြုတ်​ခဲ့လိုက်​​ပေသည်​ ။ ပြီး​တော့ ကုတင်​​ပေါ်က​နေ ထဖို့ပြင်​လိုက်​​လေသည်​ ။

မတ်​ရပ်​ ရပ်​လိုက်​သည်​နဲ့ပဲ ​ခေါင်းတစ်​ခုလုံးက ရီ​ဝေ​ဝေ ဖြစ်​​ကာ ကိုယ်​သည်​ ​မွေ့ယာ​လေး​ပေါ်ပြန်​ကျသွား​​လေသည်​ ။

'နိုးပြီ​ပေါ့ကိုယ့်​ အချစ်​...´

ထိုသည်​က အလင်းမှိန်​မှိန်​ကျ​နေ​သော တစ်​​ထောင့်​တစ်​​နေရာ​က​နေ လာ​သောအသံပင်​ ။ ကလဲက ထို​နေရာကိုကြည့်​မိ​လေ​တော့ ထိုင်​ခုံ​ပေါ်တွင်​ ​ခြေ​ထောက်​ ချိတ်​ကာ စတိုင်​ကျကျ ထိုင်ရင်း ​မိမိကိုစူးစိုက်​ကြည့်​​နေ​လေ​သော ခရမ်း​ရောင်​မျက်​၀န်း​တွေနဲ့ သူကို​တွေ့လိုက်​ရ​ပေသည်​ ။

Hell သည်​ ကလဲရာ အနီးသို့ တိုးကပ်​စွာ​ရောက်​လာ​ပေသည်​ ။ ပြီး​တော့ လဲကျ​နေတဲ့ ကလဲရာ ​ဘေးတွင်​ကျနစွာ ​နေရာယူလိုက်​​ပေသည်​ ။ ကလဲရာ အားနွဲ့​နေတဲ့ ကိုယ်​​လေးကိုအားယူပြီး ပြန်​ထလိုက်​​လေသည်​ ။

'ဖြည်းဖြည်း ​ဆေးအရှိန်​က ပြယ်​​သေးမှာမဟုတ်​ဘူး...´

'ရှင်​ကိုယ့်​ကို ဘာ​တွေ လုပ်​ထားတာတုန်း...´

ကလဲရာ စူးရဲတဲ့ ခရမ်း​ရောင်​မျက်​၀န်း အစုံကို နက်​​မှောင်​​လေတဲ့ မဟူရာ မျက်​၀န်း​လေးနဲ့ အကြည့်​ချင်းဆုံ​စေလျှက်​​မေးလိုက်​ခြင်း​ပေ ။

'sorry ပါကွာ ဒီလိုမလုပ်​လို့မဖြစ်​တဲ့ အ​ခြေအ​နေမို့်​ပါ...´

 Colourless [System] 💜 Infinity Love 💜 Of Princess Angel And Demon PrinceDonde viven las historias. Descúbrelo ahora