Zawgi...
ကလဲရာ ချိန်းထားလေတဲ့ သိုလှောင်ရုံ နေရာရောက်လေတော့ တွေ့လိုက်ရသည် က ကားလေးနှစ်စီးနဲ့ ဘေးဘက်နေရာတစ်ခုမှာ နမ်းနေလေတဲ့ သူနှစ်ယောက် ။
ကလဲရာ အကျင့်ယုတ်စွာပဲ ထိုသူ နှစ်ဦး ရှေ့မှာ ကားလေး ထိုးရပ်လိုက်လေသည်။ ထိုအခါမှ ဒွန်က ရှက်ကိုးလေးနဲ့ ဂျော်နသန် နားကနေခွာလိုက်ပေသည် ။
'ခုကြတော့လည်း တော်တော်လေးကိုမှ အကြိုက်တွေ့နေကြတယ်ပေါ့.. ဒွန် မင်းက အပြောနဲ့ အလုပ်နဲ့တစ်ခြားပဲ ... ကိုယ့်ပြောတော့ဖြင့် ဘာမှမဟုတ်ကြပါဘူးဆို...´
ကလဲရာ ကားပေါ်က ဆင်းလိုက်လေသည်နှင့် ဒွန် နဲ့ ဂျော်နသန်တို့ရှိရာနား သွားလေကာ မျက်ခုံးလေးပင့်ကာပြောလိုက်ပေသည် ။
'ဟုတ်တယ်လေ... ငါနဲ့ ဂျော်နသန် နဲ့က အခုထိ ဘာမှမဟုတ်သေးကြပါဘူး..ငါ အဖြေပြန်မပေးရသေးဘူး....´
ဂျော်နသန်က ညိုးငယ်သော မျက်နှာလေး ကလဲရာကိုလုပ်ပြကာ လည်း ဒွန်ရဲ့ အလို ကျ ခေါင်းညိတ်ပြလေသည် ။ ကလဲရာက ပူးကပ်နေတဲ့ နှစ်ယောက်ကို မပြောချင်တော့ဘူးဆိုတဲ့ ဗလာကျင်းနေတဲ့ အနက်ရောင်မျက်ဝန်း တွေနဲ့ ကြည့်လိုက်လေကာ
'အော် အဖြေပြန်မပေးရသေးတာတောင် ဒီအခြေအနေဆို ... ပေးများသာ ပေးရင် ကိုယ့် အတွေးမဆန့်တော့ဘူး.......´
လို့ သာ ဆိုလိုက်တော့သည် ။
'ဟင် ကားက မှန်တွေ ကွဲနေပါလား... ဘယ်လိုဖြစ်ရတာလဲ....´
ဒွန်က ကွဲလာလေတဲ့ ကားမှန်ကို ကြည့် လေကာ ဆိုလိုက်လေသည် ။
'ဒါကလား... ကိုယ် ဒီလာတဲ့ လမ်းမှာ case လေး တစ်ခု ရှင်းခဲ့ရလို့ပါ..´
'ဘယ်သူတွေလဲ ...´
'Darknight ဂိုဏ်းကလို့တော့ထင်တယ်.. ဒါပေမယ့် ဒါတွေက ပါ့မွားပါ... တစ်ချက်သိပ်ရုံ လဲ သွားတဲ့သူတွေပဲ...´
VOCÊ ESTÁ LENDO
Colourless [System] 💜 Infinity Love 💜 Of Princess Angel And Demon Prince
FantasiaSYSTEM TYPE(zaw and uni) #1(angelsanddemons) 9.10.2021 #1(fujoshi) 9.1.2022 #1(owncreation)24.7.2022 ဖြူစင်ပြီး သနားကြင်နာတတ်သော နတ်သမီး ယူရီဒိုက်စ် (Eurydice) နဲ့ နတ်ဆိုးတစ်ဝက် အိန်ဂျယ် တစ်ဝက် အော်ဖီးရပ်စ်(Orpheus) နှစ်ဦးသား အမ...