Zawgi..
'ဒေါက်တာလေး..ဘယ်သွားမလို့လဲ´
'ကျွန်တော် နေ့လည်စာသွားစားမလို့ ခင်ဗျားဘယ်လိုဖြစ်နေတာလဲ.´
' ဒေါက်တာလေး သွားနေတုန်းကျွန်တော် တခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ... ခုတောင် ခေါင်းမှုးချင်လာ သလိုပဲ ...ကျွန်တော် တစ်ခုခုဖြစ်သွားရင် ဒေါက်တာလေး မှာ တာဝန်ရှိတယ်နော်....´
'ဒါပေမယ့် ထမင်းစားချိန်လေးတော့ စားခွင့်ပြုဦးလေ... ဟို အရင်တုန်းကလည်း ခင်ဗျား ဘာမှ ဖြစ်တာမှ မဟုတ်တာ ခုလည်း ဖြစ်မှာ မဟုတ်ဘူး... ခင်ဗျား ရောဂါကသေလောက်တဲ့ အရာလဲ မဟုတ်ဘူးလေ... ´
'အယ်တာက အယ်တာပဲ... ဒေါက်တာလေးက ကျွန်တော်အနားမှာ နေရမှာ က ဒေါက်တာ လေးတာဝန်ပဲ... ကျွန်တော်က VVIP ... ဒေါက်တာလေးက ကျွန်တော့် သီးသန့် ဒေါက်တာပဲလေ..ဘယ်မှ မသွားနဲ့...´
ပရချပ် ဖြစ်နိုင်ရင် အလုပ်ကပါ ထွက်ချင်လောက်တဲ့အထိ စိတ်ညစ်နေပြီဖြစ်သည် ။ လစာကောင်းပြီး အဆင်ပြေတဲ့ အလုပ်လေးရလို့ ပျော်ခဲ့သမျှ ဒီလူ့ဂွစာနဲ့ လာတွေ့ခြင်း ကတော့ တော်တော်အဆင်မပြေပေ ။ ထိုဆေးရုံတွင် အလုပ်လုပ်ဖို့ မနည်းကြိုးစားခဲ့ရတာကြောင့် အလုပ်ထွက်ဖို့ကလည်း မဖြစ်နိုင်ပေ ။ထိုလူဂွစာရဲ့ ဒေါက်တာဖြစ်တဲ့ အချိန်ကစပြီး တစ်ချိန်လုံး သူ့နားကပင် ခွာခိုင်းတာမဟုတ်ပေ ။ခုပဲကြည့်လေ တစ်နေကုန် သူအလုပ်လုပ်နေတဲ့ company ရဲ့ ရုံးခန်းကို ခေါ်လာပြီး သူကတော့ အလုပ်တွေထိုင်လုပ်နေပြီး လူကတော့ ဆိုဖာမှာထိုင်နေယုံကလွဲ ဘာမှ လုပ်စရာမရှိ ဘူးလေ ။ ဒါကြောင့် အပြင်ထွက်ချင်လို့် လစ်ထွက်သည်ကို ထိုလူ့ဂွစာက အလုပ်လုပ်နေရင်း ဘယ်လိုမြင်သွားသည် မသိပေ ။
'တော်ပြီ... ဘယ်မှမသွားတော့ဘူး... ခင်ဗျားသာ ကိုယ့်အလုပ်ကို ဆက်လုပ်...´
ထိုအခါမှ အလုပ်ဆက်လုပ်နေတဲ့ ထိုလူ့ဂွစာ ။
💭 ဂါး စိတ်တိုလိုက်တာ💭
CZYTASZ
Colourless [System] 💜 Infinity Love 💜 Of Princess Angel And Demon Prince
FantasySYSTEM TYPE(zaw and uni) #1(angelsanddemons) 9.10.2021 #1(fujoshi) 9.1.2022 #1(owncreation)24.7.2022 ဖြူစင်ပြီး သနားကြင်နာတတ်သော နတ်သမီး ယူရီဒိုက်စ် (Eurydice) နဲ့ နတ်ဆိုးတစ်ဝက် အိန်ဂျယ် တစ်ဝက် အော်ဖီးရပ်စ်(Orpheus) နှစ်ဦးသား အမ...