Arc-3(ep-14)Marine lover

823 84 5
                                        

Zawgi..

preal restaurant🏢🍤🍕🍲

L ကျွန်းမှာရှိ​လေတဲ့ ​5star စား​သောက်​ဆိုင်​ပင်​ ။

ဒီ​နေ့သည်​ ကယ်​ဗင်​နဲ့ ထိုဆိုင်​တွင်​​တွေ့ဖို့ချိန်းထား​သော​ကြောင့်​ ဂျူလီယာ ထိုစား​သောက်​ဆိုင်​​လေး ကို​ရောက်​လာခြင်းပင်​ ။ ပထမဆုံးအပြင်​မှာ ချစ်​သူဖြစ်​ပြီးမှ အတိတကျ ချိန်း​တွေ့တာဆို​တော့ ဂျူလီယာ ရင်​​တွေအရမ်းခုန်​​နေ​ပေသည်​ ။

'၀ိုင်းအသစ်​ယူမှာလား ..ဘိုကင်​ ကြိုမှာပြီးသားလားရှင့်​'

ကောင်​တာက ​ကောင်​မ​လေးက​မေး​လေသည်​ ။

'ဘိုကင်​လုပ်​ထားပြီးသားပါ... ကယ်​ဗင်​ကိတ်​ထ်​နာမည်​နဲ့...'

'ခဏ​နော်​ ရှာ​ပေးပါ့မယ်​ရှင့်​...'

ကောင်​တာက ​ကောင်​မ​လေးသည်​ ကွန်​ပြူတာ​လေးထဲမှ အချက်​အလက်​​တွေရှာ​လေသည်​ ။ ခဏအကြာမှာပဲ ။

'​တွေ့ပါပြီရှင့်​ တတိယထပ်​ရဲ့ vvip room 13 မှာပါ...'

'ဟုတ်​ကဲ့ ​ကျေးဇူးပါပဲ​နော်​..'

'ရပါတယ်​ရှင့်​ ...'

ဂျူလီယာ တတိယအထပ်​​လေးကို ဓာတ်​​လှေကား​လေးသုံးကာတပ်​ရန် သွား​လိုက်​​ပေသည်​ ။ ဓာတ်​​လှေကား ထဲ​ရောက်​ချိန်​တွင်​ နံရံမှာမြင်​​နေရတဲ့ မိမိရဲ့ ရုင်​သွင်​ကို တစ်​ချက်​ပြင်​လိုက်​​ပေသည်​ ။ ပန်း​ရောင်​ ဆံနွယ်​​ဂုတ်​၀ဲ​လေးကို အမြဲလုပ်​​နေကျ​လေးအတိုင်း အနည်း​လေးထုံးကာ ကျန်​သည်​ကိုချထား​ပေသည်​ ။ ပြီး​တော့ ကယ်​ဗင်​၀ယ်​​ပေး​သော ပန်း​ရောင်​ဂါဝန်​​လေးနဲ့ ပုံစံက က​လေးဆန်​ပြီး ချစ်​ဖို့​ကောင်း​ပေသည်​ ။ ဂျူလီယာ စလင်းဘတ်​ထဲက ​ပေါင်​ဒါယူကာ နည်းနည်းထပ်​ဖို့လိုက်​​လေသည်​ ။ ပြီး​တော့ နှုတ်​ခမ်းနီ အဆီ​လေးကို နည်းနည်း​လေးတင်​ရုံမျှထပ်​တင်​လိုက်​သည်​ ။

💭 ဒီ​လောက်​ဆို အို​ကေ ထားထက်​​တောင်​ ပိုအို​ကေ​သေးတယ်​... ငါကိုကြည့်​ပြီး တဖြုတ်​ဖြုတ်​​ကြွေလိုက်​​တော့ ကယ်​ဗင်​.. .💭

Colourless [System] 💜 Infinity Love 💜 Of Princess Angel And Demon PrinceDonde viven las historias. Descúbrelo ahora