Zawgi...
ရွှေစည်းခုံ စေတီလေး မှ နှစ်ဦးသား
ပိတောက် : ပထမဆုံး ပန်းတိုင်တော့ ရောက်လာပြီ....
ထိန်လင်းသာ : ကလေး ခု ဘာလုပ်ကြမှာလဲ...
ပိတောက်: ဘုရားလာတာ ဘုရားဖူးမှာပေါ့... ဘာလုပ်ကမှာလဲ...အရင်ဆုံး စေတီတော် ကြီးကို အရင်ဖူးကြမယ်...ပြီးမှ ကျန်တဲ့နေရာတွေသွားမယ်...
ပိတောက် တို့သည် ရွှေစည်းခုံ စေတီမြတ်ကြီးအား ဦးစွာ ရှိခိုးပူဇော်ခဲ့ကြသည် ။ထိုနောက် ပဉ္စလောက မတ်ရပ် ဆင်းတုတော်ကြီးကို ဖူးတွေ့ကြသည် ။အလုံးစုံ ဖူးမြော် ရိုခိုးပြီးအဆုံးတွင် နောက်တစ်နေရာသို့ ခရီးဆက်ခဲ့ကြသည် ။
ငှက်ပစ်တောင် ,သမီးဝှက် နှင့်မြားသဂူ အစရှိသည်တို့ကိုလည်းသွားခဲ့ကြသည် ။ပိတောက် ကတော့ ရောက်တဲ့နေရာတိုင်း ခရီးသွားလမ်းညွှန် စာအုပ်ကြီးကိုင်ကာ ရာဇ၀င် ရှင်းပြရင်း ထိန်လင်းသာကို ဆရာလုပ်နေတော့သည် ။ ခရီး လေးငါးခုလောက် ဆက်ပြီးသောအခါ ဆိုင်ကယ်ကော လူကော ပန်းပြီးဖြစ်သဖြင့် Hotel သို့သာပြန်ခဲ့ကြသည် ။
ထိန်လင်းသာ: ကလေး ပင်ပန်းနေပြီလား....
ပိတောက် : အွန်း ..နည်းနည်းပါ...
ထိန်လင်းသာ : မနက်ဖြန်ကျရင် ဆိုင်ကယ်နဲ့မငှါးနဲ့တော့ ကားနဲ့ပဲသွားကြမယ်...အချိန်ကော လူကော သက်သာတာပေါ့...
ပိတောက် လည်း ထိုသို့ လုပ်တာ ကောင်းမည်ဟု တွေးမိသောကြောင့် ကားဖြင့်သာသွားရန် သဘောတူလိုက်တော့သည် ။ ထိုသည်နှင့် ညနေတောင် စောင်းလာချေပြီ ။ ညကျရင် အစီအစဉ်ရှိသည်မို့ ထိန်လင်းသာ အမြန် အိပ်ပျော်ရန် ပိတောက် တစ်ယောက် စတင် အကော်အထည်ဖော်လေတော့သည်။
ပိတောက်: ကိုကို ဒီနေ့တော်တော်လေး ပန်းနေကြပြီမလား..စောစော ညနေစားပြီး နားကြရအောင်လေ...
STAI LEGGENDO
Colourless [System] 💜 Infinity Love 💜 Of Princess Angel And Demon Prince
FantasySYSTEM TYPE(zaw and uni) #1(angelsanddemons) 9.10.2021 #1(fujoshi) 9.1.2022 #1(owncreation)24.7.2022 ဖြူစင်ပြီး သနားကြင်နာတတ်သော နတ်သမီး ယူရီဒိုက်စ် (Eurydice) နဲ့ နတ်ဆိုးတစ်ဝက် အိန်ဂျယ် တစ်ဝက် အော်ဖီးရပ်စ်(Orpheus) နှစ်ဦးသား အမ...