Zawgi..
'ဟေ့ ဒီလိုပဲငေးကြည့်နေမှာလား...´
'ဟင်..´
ထိုသူပြောလိုက်တဲ့ စကားကြောင့် ဂျယ်ယောင်းကြောင်သလိုဖြစ်ပြီးလေမှ ပြန်ထူးမိလေသည် ။
' မင်းကြောင့် ဒီမှာဒဏ်ရာ ရသွားပြီလေ..လာပါ အပြင်မှာအေးတယ်ကွ အိမ်ထဲဝင်ရအောင်...´
မိမိအိမ်ထဲပိုင်ဆိုးပိုင်နင်းဝင်သွားသောသူ ။ ဂျယ်ယောင်းလဲ ထိုသူနောက်လိုက်ဝင်လာမိလေသည် ။
'တိုက်ခန်းရဲ့ဖွဲ့စည်းပုံကတော့ ကိုယ်ရဲ့အိမ် အတိုင်းပဲ..´
ဂျယ်ယောင်း သူရဲ့ တိုက်ခန်းထဲဝင်ကာ အကုန်လှည့်ပတ်ကြည့်နေသောသူကြောင့်
💭 ဒီလူကဘာလဲဟ သူများအိမ်ထဲလည်းဝင်လာသေးတယ်...💭
'ဒီမှာခင်ဗျ ဘယ်သူလဲမသိဘူး... ဘာကြောင့် ၀ရံတာ ရောက်နေတာလဲ...´
ွဂျွန်မွန်းရှစ် မိမိကို ဘယ်သူလဲဆိုကာမေးနေသော ကောင်ကလေးကြောင့် ပြုံးမိသွားလေသည် ။
💭 အော် ငါကိုမသိတဲ့သူတွေလည်းရှိသေးပါလား... ဒီလောက် idolကြီးကိုလေ...💭
မွန်းရှစ် ဒီနေ့ ကိုယ်ပိုင်ချိန်ပေးသည့်အတွက်ကြောင့် လွတ်လွတ်လပ်လပ်နေချင်သည့်စိတ်အခံလေးနဲ့ ဟိုအရင်က မိမိနေခဲ့ဖူးတဲ့တိုက်ခန်းလေးထဲ အနားလာယူနေခြင်းပင် ။
ပါပါရာဇီတွေကတော့ ဘယ်လို သတင်းရလဲမသိပေ ။ သူရဲ့ အခန်းရှေ့ပင် ပေါက်ချလာပေသည် ။ ဒါကြောင့် လူမရှိတဲ့ဟန်နဲ့ မီးပိတ်ပြီး ၀ံရံဘက်မှာ ထွက်နေခြင်းပင် ။
ဝရံတာတွေက တစ်ခုနဲ့တစ်ခု ဆက်နေခြင်းကြောင့် အမှတ်မထင် ဘေးဘက်က အခန်းဘက်ကို ရောက်သွားသည်ပေါ့ ။
အထဲကမီးဖွင့်သောကြောင့် လှုပ်ရှားနေသော ကောင်လေးတစ်ယောက်ကိုတွေ့လိုက်ရပေသည် ။ ကွန်ပြူတာထဲစူးစိုက်ကာ အာရုံစိုက်နေသည့် ပုံရိပ်လေးက ကြည့်ကောင်းလို့ပင် ထိုင်ကြည့်နေမိလေသည် ။
YOU ARE READING
Colourless [System] 💜 Infinity Love 💜 Of Princess Angel And Demon Prince
FantasySYSTEM TYPE(zaw and uni) #1(angelsanddemons) 9.10.2021 #1(fujoshi) 9.1.2022 #1(owncreation)24.7.2022 ဖြူစင်ပြီး သနားကြင်နာတတ်သော နတ်သမီး ယူရီဒိုက်စ် (Eurydice) နဲ့ နတ်ဆိုးတစ်ဝက် အိန်ဂျယ် တစ်ဝက် အော်ဖီးရပ်စ်(Orpheus) နှစ်ဦးသား အမ...