Zawgi ...
ကားကလေးတရွေ့ရွေ့နဲ့ မန္တလေးရဲ့ မြို့ဝင်ရဲ့ ကြိုဆိုပါ၏ ဆိုတဲ့ မြို့ ဧည့်ကြို လေးကို ဖြတ်သန်း၍မောင်းလာခဲ့သည် ။ကားလေးရဲ့ ပြတင်းပေါက်လေး ဖွင့်ထားသည်မို့ နေရောင်အနည်းငယ်ထိုး၍ ပူနေပေမယ့်လဲ လေတစ်ဖြူးဖြူး တိုက်ခက်လာသည်မှာ ရင်ထဲနွေးခြင်းအေးခြင်းကို တစ်ပြိုင်ထဲ ဖြစ်ပေါ်လာစေသည် ။ဒီလိုမျိုး ခံစားချက်လေးကို ပိတောက် အလွန်မှကို ကြိုက်သည် ။
လမ်းလေးတစ်လျှောက်တွင် အတွဲလေးများကိုလည်းတွေ့ရသည် ။ အိမ်တွေ တိုက်တွေ တွေ့ရသည် ။ လူပေါင်းစုံ သွားလာနေကြသည် ။ အချိန်တော်တော်ကြာမြင့်စွာ ကားလေး ခရီးဆက်သွားနေသည်။သွားရင်းသွားရင်းနဲ့ သစ်ရိပ် ၀ါးရိပ်တွေလို အေးချမ်းလှတဲ့ ရှုခင်းတစ်နေရာ ရောက်လာတော့ ကားလေးရပ်လိုက်သည် ။ နေခင်းဘက်ဖြစ်ပေမယ့် ဒီနေရာလေးကတော့ တိတ်ဆိတ် အေးချမ်းနေသည် ။
ငှက်ကျေးသံလေးလဲ ကြားရသည် ။ ရေကျသံလိုကောပဲ ။
ဘာပဲဖြစ်ဖြစ် ဒီနေရာလေးကို ပိတောက် သဘောကျမိပါသည် ။
ထိန်လင်းသာ : ကလေး သဘောကျလား...
ပိတောက် : အွန်း အရမ်းအေးချမ်းပြီး ..သဘာဝဆန်လွန်းတယ်...
ထိန်လင်းသာ: နောက်ထပ်အံသြစရာရှိသေးတယ်....
ပိတောက် : ဘာလဲ အရမ်းသိချင်နေပြီ....
ထိန်လင်းသာ : နောက်ပြီးသိရမယ်...ဒီတိုင်းတော့မရဘူး....ဘေးနားက ကြိုးနီလေးကိုတွေ့လား...ကိုင်လိုက်...
ပိတောက် ကြိုးနီလေးကို ကိုင်လိုက်သည်နှင့် တပြိုင်နက် ထိန်လင်းသာ ရဲ့ လက်အစုံသည် ပိတောက်ရဲ့ သမင်လို လှပတဲ့ မျက်လုံး လေးများကို နောက်ကနေ ငြင်သာစွာ ဖုံးကွယ်လိုက်သည် ။
ထိန်လင်းသာ: ကလေး အယ့်ကြိုးနီအတိုင်း ဆက်လျှောက်သွားလိုက်...
YOU ARE READING
Colourless [System] 💜 Infinity Love 💜 Of Princess Angel And Demon Prince
FantasySYSTEM TYPE(zaw and uni) #1(angelsanddemons) 9.10.2021 #1(fujoshi) 9.1.2022 #1(owncreation)24.7.2022 ဖြူစင်ပြီး သနားကြင်နာတတ်သော နတ်သမီး ယူရီဒိုက်စ် (Eurydice) နဲ့ နတ်ဆိုးတစ်ဝက် အိန်ဂျယ် တစ်ဝက် အော်ဖီးရပ်စ်(Orpheus) နှစ်ဦးသား အမ...