Zawgi..
'ဘယ်ထွက်ပြေးဖို့ ဟန်ပြင်နေတာလဲ ဒွန်...´
ဂျော်နသန် ဆီမှ အေးစက်စက်လေထုအသံကြောင့် ဒွန် တံတွေးတစ်ချက်မြိုချလိုက်လေကာ သွားလေးဖြီးပြရင်း ပုန်းရှောင်ဖို့ ပြင်လေသည့်ခြေလှမ်းတွေ ရပ်တန့်လိုက်လေသည် ။
'ငါ ဘယ်မှ မသွားပါဘူး..´
'ငါ့အနားမလာပဲ အယ်မှာဘာရပ်လုပ်နေသေးတာလဲ...´
ထိုသို့ ဆိုလိုက်လေတော့ ဒွန် အေးစက်နေသူ ဂျော်နသန် အနီးအပါးသို့သွားလိုက်ပေသည် ။ ဒွန်အနားရောက်လေတာနဲ့ ဂျော်နသန်က ဆွဲယူချလိုက်သဖြင့် ဒွန်သည် ဂျော်နသန် ထိုင်နေလေသည့်အပေါ်တွင် ကွက်တိကျသွားလေသည် ။
'မင်း က လွှတ်ထားပေးတာနဲ့ ဆိုးတော့တာပဲ... ဒီနေ့ဘာအမှား လုပ်မိလဲ သိတယ်မလား...´
ဒွန် မိမိကိုယ်ကို ကျိန်ဆဲမိလေသည် ။
💭 ပထမဆုံးအကြိမ် ဆော်လေးတစ်ပွေနဲ့ ဘာညာ လုပ်မယ်ကြံသည် နမ်းသည့်အဆင့်ပင် မရောက်လိုက် ဒီလိုမျိုး ဖြစ်ရလား .. ရင်နာစရာ...အဟင့်...💭
ဒွန် ခေါင်းလေးမသိမသာ ညိတ်ပြလိုက်လေသည် ။ အသက်အရွှယ်တူပြီး ငယ်စဉ်ထဲက မိုက်ဖော်မိုက်ဖက် ငယ်ပေါင်းတွေ ဆိုပေမယ့် ဒီလူစိတ်ဆိုးရင်လွယ်တာမဟုတ်ပေ ။ မိမိ အရိုးတစ်ခြား အသားတစ်ခြားတော့မဖြစ်စေချင်ပေ ။ စိတ်ဆိုးပြေပြီး စိတ်ငြိမ်အောင် အရင်လုပ်ရပေမည် ။
ဒွန် ဂျော်နသန်ဘက်ကို ကိုယ်လေး လှည့်လိုက်လေကာ နှုတ်ခမ်းလေးကိုထိတယ်ဆိုရုံမျှနမ်းလိုက်ပေသည် ။
'တောင်းပန်ပါတယ် ဂျော်နသန် .. ငါနောက်တစ်ခါ အမှားမလုပ်တောဘူးလေနော်... ပြီးတော့ သူနဲ့ ငါနဲ့ က နမ်းတောင်မနမ်းလိုက်ခဲ့ရပါဘူး...´
'နမ်းချင်သေးတယ်ဆိုတဲ့သဘောလား...´
'အယ်လိုမဟုတ်ပါဘူး...နမ်းလည်းမနမ်းချင်ပါဘူး... ´
VOUS LISEZ
Colourless [System] 💜 Infinity Love 💜 Of Princess Angel And Demon Prince
FantasySYSTEM TYPE(zaw and uni) #1(angelsanddemons) 9.10.2021 #1(fujoshi) 9.1.2022 #1(owncreation)24.7.2022 ဖြူစင်ပြီး သနားကြင်နာတတ်သော နတ်သမီး ယူရီဒိုက်စ် (Eurydice) နဲ့ နတ်ဆိုးတစ်ဝက် အိန်ဂျယ် တစ်ဝက် အော်ဖီးရပ်စ်(Orpheus) နှစ်ဦးသား အမ...