Zawgi...
ချီအာ တစ်ယောက် ထုံးစံအတိုင်း ချယ်ရီပန်းပင် ကြီး အောက်တွင် ဗျက်ဆောင်း တီးခတ်နေလေရဲ့ ။
လေအဝှေ့  ကြွေကျနေသော ချယ်ရီပွင့်ဖတ်များနဲ့ ဆန်းသစ်မြူးကြွတဲ့ တီးသံလေးများကို ပုံဖော်နေတဲ့ ကောင်လေး အရာရာသည်လိုက်ဖက်လွန်းနေလေသည် ။
တီးနေသော တေးသွားသည် တီးခတ်နေသူရဲ့ စိတ်အစဉ်ကိုဖော်ပြနေသည်မို့ ထို ဗျက်ဆောင်းရှင်လေ ပျော်နေဟု ခန့်မှန်းရင် မြေကြီးလက်ခက်မလွဲ အမှန်ပင်ပေ ။
ယွမ်ရွှယ် ခင်ဗျာ ချီအာတီးနေသော ဗျက်ဆောင်းလေးကို တော်ဝင်ကြာပန်း လက်ဖက်ရည် လေး သောက်ကာ ခေါင်းတငြိမ့်ငြိမ့် နဲ့ အပီအပြင် နားထောင်နေလေရဲ့ ။
'ချီအာ က အရမ်းတော်လိုက်တာ နော် .. တီးလုံးဖန်တီးထားတာ အရမ်းပြောင်မြောက်လွန်းတယ်...´
'ပိုင်သခင်လေးက မြှောက်နေပြန်ပါပြီ ကျွန်တော် က အယ့်လောက်တော့လည်းမဟုတ်ပါဘူး....´
'ချီအာ ကသာ နှိမ့်ချတတ်လွန်းနေတာပါ ... တို့ အမြင်ကဆို ချီအာ တီးတာ အကောင်းဆုံးပဲ တကယ်ပြောတာ....´
နှစ်ယောက်သား ရင်းနှီးသွားလေကာ စကားဖောင်ဖွဲ့မိနေကြလေသည် ။ စာရေးဆရာနဲ့ စာဖတ်သူဆိုတော့ သိလေသည့်အတိုင်း အတိုင်အဖောက်ကို ညီနေလွန်းပေလှပေသည် ။
ဖုန်းရန် သည် နန်းသိမ်းပွဲ ခံပြီးလေသည်မို့ ခုဆို အိမ်ရှေ့စံကနေ ဘုရင်မင်းမြတ်ဆိုတဲ့ ရာထူးကို ရထားလေသည် ။
တာဝန်တွေပိုကြီးလာသည်အမျှ အချိန်တွေ ပို ပြီး ကုန်လာရပေသည် ။ မင် တိုင်းပြည်ကို အကောင်းဆုံး ပြောင်းလဲပစ်မည့် မင်းကောင်းမင်းမြတ် အသွင်ယူထားသည်မို့ တောင်လိုပုံနေသော အလုပ်တွေကို စီမံခန့်ခွဲရလေပေတော့သည် ။
YOU ARE READING
Colourless [System] 💜 Infinity Love 💜 Of Princess Angel And Demon Prince
FantasySYSTEM TYPE(zaw and uni) #1(angelsanddemons) 9.10.2021 #1(fujoshi) 9.1.2022 #1(owncreation)24.7.2022 ဖြူစင်ပြီး သနားကြင်နာတတ်သော နတ်သမီး ယူရီဒိုက်စ် (Eurydice) နဲ့ နတ်ဆိုးတစ်ဝက် အိန်ဂျယ် တစ်ဝက် အော်ဖီးရပ်စ်(Orpheus) နှစ်ဦးသား အမ...