Arc-6(ep-4)Zombie land

604 79 4
                                    

Zawgi..

' ညစာစားဖို့ လိုက်​ရှာ​နေတာ... တပ်​မှာစည်းကမ်းရှိတယ်​ ညစာကို ၆နာရီ ခွဲ အတိမှာ စား​သောက်​ခန်းမှာ စားရမှာ .. နို့မို့ဆို မင်းအတွက်​ စားစရာရှိမှာမဟုတ်​ဘူး...´

အလီယံစမ်းသပ်​ခန်းက​နေ ထွက်​လာ​လေတဲ့ မိမိရဲ့ဗစ်​တာမင်​​လေးကို ရုပ်​တည်​​လေးနဲ့​ပြောလိုက်​​သည်​ ။

'​တောင်းပန်​ပါတယ်​ ကျွန်​​တော်​မသိလိုက်​လို့ပါ...´

'ရပါတယ်​.. ပထမ​နေ့မို့ ထားလိုက်​ပါ.. မင်းအတွက်​ညစာ ပြ​င်​​ပေးထားတယ်​ ​နောက်​​နေ့​တွေမှာ​တော့ အချိန်​ကိုကြည့်​အလုပ်​လုပ်​​ပေါ့..´

'ဟုတ်​ကဲ့ပါ ​ကျေးဇူး တင်​ပါတယ်​.. ဗျ.. သွားလိုက်​ပါဦးမယ်​..´

ဗစ်​တာ ​ကျေးဇူး တင်​အပြီး မမဖီရိုးနား ဆီ သွားဖို့ ဟန်​ပြင်​​လေသည်​ ။ ထို ဗိုလ်မှုးဆိုသည့်​​သူကြီး ​ချောလွန်း​ပေမည့်​ ထိုသူရဲ့ အကြည့်​စူးစူး ​တွေကို ဗစ်​တာ တစ်​မျိုးကြီးခံစားရ​လေသည် ။ မသိရင်​ ဓာတ်​လိုက်​သလို​ပေါ့ ။

'​နေဦး..´

အလီယံရဲ့ စကား​ကြောင့်​သွားဖို့ပြင်​​နေတဲ့ ဗစ်​တာရဲ့ ​ခြေလှမ်း​တွေ ရပ်​လိုက်​မိ​လေသည်​ ။ အလီယံသည်​ ရပ်​တန့်​သွား​လေတဲ့ ​ကောင်​​လေး ရဲ့မျက်​လုံး​တွေကို အကြည့်​ချင်းစုံ​စေလိုက်​​တော့ မသိမသာ အကြည့်​လွဲသွား​လေသည့်​ ဗစ်​တာရယ်​ပါ ။

'မင်း ကိုယ့်​ကို အရင်​က ​တွေ့ဖူးလား...´

အလီယံထိုသို့​မေးလိုက်​​လေ​တော့ ဗစ်​တာက ​တွေးစစ စဉ်းစားဟန်​ပြု​လေသည်​ အလီယံသိလိုက်​​ပေသည်​ ။ သူကိုဒီဗစ်​တာမင်​​လေး မမှတ်​မိ​သေး​လေဘူးဆိုသည်​ကိုပင်​ ။

💭 အချိန်​ရှိပါတယ်​ ... တဖြည်းဖြည်းမှန်းမိလာ​အောင်​ ကြိုးစားရမှာ​ပေါ့..💭

'ထားလိုက်​ပါ ထမင်းစား​ဆောင်​က ဘယ်​ဘက်ကိုတည့်​တည့်​သွားပြီး ညာဘက်​ကိုချိုး အယ့်​ဒီက သစ်​စိမ်း​ရောင်​သုတ်​ထားတဲ့ အ​ဆောင်​ပဲ...´

'ဟုတ်​ကဲ့..´

အလီယံ ထွက်​သွား ​လေ​တောမှ မမဖီရိုးနား ရှိရာ ဗစ်​တာ ​ရောက်​သွား​လေ​တော့သည်​ ။ ဟို​ရောက်​​တော့ တီထွင်​​ရေး ပစ္စည်း​တွေနဲ့ အလုပ်​ရှုပ်​​နေတဲ့ မမကို​တွေ့လိုက်​ရ​ပေသည်​ ။

 Colourless [System] 💜 Infinity Love 💜 Of Princess Angel And Demon PrinceDonde viven las historias. Descúbrelo ahora