Arc-8(ep-9) Wrong mistake with omega koko

456 56 8
                                    

Zawgi....

နက်​ပြာ​ရောင်​ အပြင်​အဆင်​အခန်းကျယ်​ကြီးရဲ့ နက်​​ပြာ​ရောင်​ double king size ​မွေ့ယာကုတင်​ ကြီးထက်​ နက်​ပြာ​ရောင်​ နှုးညံတဲ့ ဂွမ်းသား​စောင်​​လေး​အောက်​တွင်​ အိပ်​စက်​​နေ​လေတဲ့ အဖြူ​ရောင်​နတ်​ဘုရား​လေး ။

ထိုနတ်​ဘုရား​လေးကို ရင်​ခွင်​ထဲထည့်​ အိပ်​စက်​​နေသူက​တော့ အင်​ပါယာတစ်​ခုလုံးမှာ အင်​အားကြီးဆုံး သန့်​စင်​တဲ့ အဆင့်​မြင့်​ alpha တစ်​ဦးဖြစ်​​လေတဲ့ sun အင်​ပါယာ ရဲ့ စစ်​ဗိုလ်​ကြီး ရိုမန်​​ကော်​မန်​ပင်​ ။

ပြတင်း​ပေါက်​တံခါးက​နေ တိုးဝင်​လာ​လေတဲ့ ​နေမင်းရဲ့ ​နွေး​ထွေးပြူဌာတဲ့ အလင်း​ရောင်​အ​ငွေ့အသက်​​လေး​ကြောင့်​ ရင်​ခွင်​ထဲမှ အဖြူ​ရောင်​ နတ်​ဘုရား​လေး က​တော့ မျက်​​တောင်​​လေးကို တစ်​ဖြည်းဖြည်း ပုတ်​ခတ်​ပုတ်​ခတ်​လှုပ်​ရင်း နိုးထလာ​ပေသည်​ ။

'အင်း.....´

မျက်​စိဖွင့်​ဖွင့်​ ခြင်းပင်​ ခံစားမိတဲ့  မိမိ​ရောက်​​နေတဲ့ အ၀တ်​မပါ​လေတဲ့ ရင်​အုပ်​ကျယ်​ကျယ်​ကြီး​ကြောင့်​ အာရွှန်​ ပြုံးလိုက်​မိ​လေသည်​ ။ ပြီး​တော့ အိပ်​​နေ​လေသူရဲ့ ​ချော​မောလွန်းတဲ့ မျက်​နှာ​လေးကို အစိတ်​အပိုင်း တစ်​ခုခြင်းဆီ ​သေချာ မှတ်​သားကြည့်​​နေမိပြန်​တယ်​ ။ alpha တို့ရဲ့ သဘာဝအတိုင်း နှုးညံခြင်းမရှိ​နေ​ပေမယ့်​ လက်​နဲ့ ထိုးဖွလို့ ​ကောင်းတဲ့ မဟူ​ရာဆံနွယ်​​လေး​တွေရယ်​ ၊ မို့​မောက်​တဲ့ နဖူးပြင်​ ကျယ်​​လေးရယ်​၊ ​ကောင်းမွန်​ လွန်းတဲ့ မျက်​ခုံး​မွေး​တွေရယ်​ ၊ ​မှေးစင်းထားတဲ့ မျက်​၀န်းတစ်​စုံရယ်​ ပြီး​တော့ ​ဖြောင့်​ဆင်း​နေတဲ့ နှာတံ​လေး​တွေရယ်​ ၊ မိမိလက်​ချက်​​ကြောင့်​ အနည်းငယ်​​ပေါက်​သွား​လေတဲ့ တိရိတဲ့ အညို​ရောင်​မကျတကျ နှုတ်​ခမ်း​လေးရယ်​ ၊ အရာရာအားလုံးနဲ့ ပြီးပြည့်​စုံ​နေတဲ့ alpha ကြီးပင်​ ။

မ​နေလွန်းသဖြင့်​ အာရွှန်​ ထိုalpha ကြီးရဲ့ ပါး​လေးကို ရွတ်​ခနဲ မြည်​​အောင်​ အသာ​လေး နမ်းလိုက်​​ပေသည်​ ။

 Colourless [System] 💜 Infinity Love 💜 Of Princess Angel And Demon PrinceTahanan ng mga kuwento. Tumuklas ngayon