Zawgi...
အယ်လီယာ အပြာရောင်ပင်လယ်ကြီးဘေးက အပြာရောင်အိမ်ကလေးကို ဒုတိယ အကြိမ်လာခြင်းပင် ။ လာရခြင်း အကြောင်းအရာရည်ရွယ်ချက်တွေသည် နှစ်ကြိမ်စလုံးမတူသလို သူမဘေးတွင်ပါလာသူလည်း မတူပေ။ ပထအကြိမ်က အမှန်တရားသိချင်သောကြောင့် ဖြစ်ကာ ဒုတိယအကြိမ်လာရခြင်းကတော့ အမှန်တရားတစ်ခုကို အသိပေးဖို့ပင် ။
'စိတ်လှုပ်ရှားနေလား အလိုင်ရာ´
အယ်လီယာ သူမလက်ကို ဆုပ်ကိုင် ထားတဲ့ အပြာရောင်ကလေးကိုမေးလိုက်တော့ ထိုအပြာရောင်လေးက အယ်လီယာကို ခေါင်းငြိမ့်ပြလေသည် ။အယ်လီယာ နှုတ်ခမ်းထက်မှာ အနွေးထွေးဆုံးအပြုံးလေး တစ်ပွင့်ဆင်လိုက်ပြီး
'ဘာမှ မဖြစ်ပါဘူး စိတ်သိပ်မပူပါနဲ့ ...တီတီတို့ အထဲဝင်ကြမယ်...´
ဒီနေ့ အလိုင်ရာအား သူရဲ့အဖေဖြစ်တဲ့ ဒေးဗစ်နဲ့ ပေးတွေ့ဖို့ ထိုအိမ်ရှေ့ကို အယ်လီယာခေါ်လာခြင်းပင်။ အလိုင်ရာကို သန္ဓေသားကျိန်စာကြောင့် အမာရာသေဆုံးမှလွဲရင် အလုံးစုံ ပြောပြထားပေမယ့် ဒေးဗစ်ကိုတော့ မပြောပြထားရသေးပေ. ။
အိမ်ထဲဝင်သွားသည်နဲ့ အလှမွေးငါးလေးများကို အစာကျွေးနေသော ဒေးဗစ်ကိုတွေ့ရပေသည် ။
🐈 အယ်လီယာက သမီးယောက်ခမ ဆက်ဆံရေးကြောင့် ဒေးဗစ်ကို ဒယ်ဒီလို့ ခေါ်ပြီး ဒေးဗစ်က လည်း အယ်လီယာကို ချွေးမလေးလို့ခေါ်တယ်ဆိုတာ ရှေ့မှာထဲက ရေးထားပြီးနော်..အခေါ်အဝေါ်က နည်းနည်းတော့ထောက်ပေမယ့် ဒီတိုင်းတစ်မျိုးထဲ ရေးလိုက်မယ်နော်... 🐈
'ချွေးမလေးပါလား လာလေထိုင်...´
'ဟုတ်..´
ဒေးဗစ် ချွေးမဖြစ်သူနဲ့ အတူပါလာတဲ့ကောင်လေးကိုသေချာကြည့်လိုက်သည် ။ သူ့ရဲ့သမီးဂျူလီယာ ပြောတဲ့အချက်တွေအရဆို သားငယ်ရဲ့ ကောင်လေးပဲဖြစ်ရမယ်ဟုတွေးလိုက်လေသည် ။ ထိုကောင်လေးကို တွေ့လိုက်ရတော့ ချစ်ရသော ဇနီးဖြစ်သူကို သတိရမိလေသည် ။ သူရဲ့ဇနီးသည်လည်းထိုကဲ့သို့ပင် အပြာရောင်နှရောင် ဆံနွယ်လေးများနဲ့ ကြည်လင်တောက်ပတဲ့ မျက်ဝန်းအစုံရှိသည်မလား. ။
DU LIEST GERADE
Colourless [System] 💜 Infinity Love 💜 Of Princess Angel And Demon Prince
FantasySYSTEM TYPE(zaw and uni) #1(angelsanddemons) 9.10.2021 #1(fujoshi) 9.1.2022 #1(owncreation)24.7.2022 ဖြူစင်ပြီး သနားကြင်နာတတ်သော နတ်သမီး ယူရီဒိုက်စ် (Eurydice) နဲ့ နတ်ဆိုးတစ်ဝက် အိန်ဂျယ် တစ်ဝက် အော်ဖီးရပ်စ်(Orpheus) နှစ်ဦးသား အမ...