Arc-4(ep-11) a idol's lover

674 71 6
                                    

Zawgi..

နှစ်​ရက်​​မြှောက်​​သော နားရက်​ နံနက်​တွင်

ဆယ်​ဂန်းတစ်​​ယောက်​ မွန်းရှစ်​ရဲ့ တိုက်​ခန်းအ​ဟောင်းကို ​ရောက်​လာ​ပေသည်​ ။ အ​ကြောင်းက​တော့ ဟို ပတ်​ဂျယ်​​ယောင်းဆိုသည့်​​ကောင်​​လေးအ​ကြောင်းစုံစမ်းဖို့ပင်​ ။ ဆယ်​ဂန်းတိုက်​ခန်းအ​ဟောင်း​ရှေ့​ရောက်​​တော့ မွန်းရှစ်​ကိုဖုန်း​ခေါ်​လိုက်​​လေသည်​။

'hello..hyung...နားရက်​ကြီးကို ဘာဖြစ်​လို့လဲ..´

အိပ်​ချင်​မှုးတူးအသံဖြင့်​ ဖုန်းပြန်​​ဖြေ​လေ​သော မွန်းရှစ်​ပင်​ ။

' hyungမင်းတိုက်​ခန်း​ရှေ့မှာ တံခါးလာဖွင့်​..´

တုံပြန်​သံပင်​ မကြားရ​တော့​ပေ ။

'ဟယ်​လို ..ဟယ်​လို..မွန်းရှစ်​..´

ဂျ​လောက်

တံခါးဖွင့်​အသံပင်​ ။ ပွင့်​သွား​လေတဲ့တံခါးရဲ့တစ်​ဖက်​တွင်​​တော့ အိပ်​ယာထကာစ အ​မောင်​မွန်းရှစ်​ကို​တွေ့လိုက်​ရ​ပေသည်​ ။

'နံနက်​ ၁၁နာရီ​တောင်​ရှိပြီ အိပ်​​နေတုန်းပဲလား..´

'မဟုတ်​ပါဘူး ညက အိပ်​​ရေးနည်းနည်းပျက်​သွားလို့ရယ်​..မနက်​ကလည်း ​စော​စောထထား​တော့ တ​ရေးပြန်​အိပ်​​နေတာ..´

တကယ်​​တော့ မ​နေ့ညက ဂျယ်​​ယောင်းက ဂီတာတီးသင်​ချင်​သည်​ဆို​သော​ကြောင့်​ နှစ်​​ယောက်​သား ညလုံး​ပေါက်​ဂီတာတီးသင်​​နေကြချင်းပင် ။ မနက်​​ရောက်​​လေ​တော့ ချစ်​ရတဲ့ဂျယ်​​ယောင်း​လေးအတွက်​ မနက်​စာ ထပြင်​​နေသည့်​အတွက်​ အိပ်​​ရေးသိပ်​မ၀ခဲ့​ချေ ။ ထို​ကြောင့်​ ချစ်​ရ​သော ဂျယ်​​ယောင်း​လေး အလုပ်​သွား​နေသည့်​ ထိုအချိန်​တွင်​ အိပ်​​နေခြင်းပင်​ ။

'ဒါနဲ့ hyung ဒီကို လာတာ ဘာကိစ္စရှိလို့လဲ.. ´

'မင်းကို hyung အကူအညီတစ်​ခု​လောက်​​တောင်းချင်​လို့...´

'အကူအညီ..ဟုတ်​လား..´

'ဂျယ်​​ယောင်းနဲ့ပတ်​သတ်​ပြီး ငါစိတ်​ထင်​​နေတာ​လေးရှိလို့်..´

 Colourless [System] 💜 Infinity Love 💜 Of Princess Angel And Demon PrinceOnde histórias criam vida. Descubra agora