Zawgi...
စားသောက်ပြီးနောက် တွင်တော့ ကလဲရာ နဲ့ ကော့ပါးတို့သည် purpleocean မြို့လေးရဲ့ တည်နေရာလေးတစ်ခု သို့ ခရီးဆက်လာပေသည် ။
လှပလွန်းတဲ့ ပင်လယ်ပြာရဲ့မြင်ကွင်းလေးကိုမြင်နေရပြီး ပင်လယ်လေလေးများရဲ့ အငွေ့အသက်ကိုကိုလည်း ခံစားမိလေနိုင်လေသည့် နေရာလေးပင် ။
'အမရောက်ပြီ အယ့်နေရာပဲ...'
ကော့ပါး ဆိုလေ လိုက်သည် ။ကလဲရာ ကားလေးကို ရပ်နားဖို့အတွက် ပြင်ဆင်ပေးထားတဲ့ နေရာလေးတွင် ရပ်လိုက်လေသည်။ ပြီးလေတော့ တစ်လှမ်းနှစ်လှမ်းလျှောက်လေသော် သေးငယ်လေခြင်းမဟုတ်တဲ့ ဆိုင်တစ်ခုကို ရောက်လာပေသည် ။
ထိုဆိုင်လေးသည် သစ်စေးရောင်လေးများကို အဓိကထား အသုံးပြုထားပြီး တံခါးဘောင်တို့ နဲ့ အခြား အနားကွတ်လေးတွေကိုတော့ ခရမ်းရောင် အနှအရင့်လေးများနဲ့ ပုံဖော်ထားလေမှုမှာ တစ်မျိုးဆန်းသစ်လွန်းလေသည် ။
ထိုဆိုင်လေးသည် မနက် ၉ နာရီကနေညနေ ၆ နာရီအထိ ဖွင့်လေတာ ဖြစ်လေသည် ။ ဆိုင်ကိုဖွင့်လေတဲ့သူသည် ကော့ပါးဖြစ်လေတာမို့ ကော့ပါးသည် သူမှာရှိလေသည့် သော့လေးနဲ့ဆိုင်ကိုဖွင့်လိုက်လေသည် ။ တော်တော်များများကို အလင်းထောက်မှန်တွေသုံးထားဖြင့် ဆိုင်လေးမှာ လင်းထင်းနေပေသည် ။ အတွင်းပိုင်းအပြင်အဆင်တွေကိုတော့ သဘာဝသစ်သား ကိုပဲ အသုံးပြုမှုသည် အလှဆင်ထားမှုတွေကို တစ်မျိုးလေးဖြစ်စေကာ တည်ငြိမ်မှုကို ခံစားစေရလေသည် ။ ဆိုင်ရဲ့ ဘယ်ဘက်မှာတော့ ကော်ဖီ ဖျော်ခြင်း တို့နဲ့ သက်ဆိုင်တဲ့ ပစ္စည်းလေးတွေ အစီအရီ သေသပ်စွာချထားလေသောကြောင့် ထိုသည်သည် ကော်ဖီ ဖျော်လေသည့် ကောင်တာမှန်းသိလိုက်ပေသည် ။
ဆိုင်ရဲ့ တစ်ဖက်နေရာတော်တော်များများကတော့ စနစ်တကျ စီစဉ်ထားလေတဲ့ စာအုပ်တန်းလိုက်လေးတွေကိုတွေ့ရပေသည် ။ ပြီးတော့ ဧည့်သည်တွေ ထိုင်ပြီး စာဖတ်ချင်ရင် ဖတ်နိုင်ဖို့ အတွက်လည်း နေရာဝိုင်းလေးတွေ သီးသန့်လုပ်ပေးထားလေခြင်းပေသေးသည် ။ ကလဲရာ ထိုနေရာကိုတော်တော်တော့ သဘောကျမိသွားလေသည်။
YOU ARE READING
Colourless [System] 💜 Infinity Love 💜 Of Princess Angel And Demon Prince
FantasySYSTEM TYPE(zaw and uni) #1(angelsanddemons) 9.10.2021 #1(fujoshi) 9.1.2022 #1(owncreation)24.7.2022 ဖြူစင်ပြီး သနားကြင်နာတတ်သော နတ်သမီး ယူရီဒိုက်စ် (Eurydice) နဲ့ နတ်ဆိုးတစ်ဝက် အိန်ဂျယ် တစ်ဝက် အော်ဖီးရပ်စ်(Orpheus) နှစ်ဦးသား အမ...