Zawgi ...
'ကိုလေးရယ် မဖြစ်နိုင်တာတွေ လျောက်ပြော မနေနဲ့နော် ကိုလေး ဖုန်းတစ်ခါနှိပ်တာနဲ့တင် တစ်စက္ကန့်ပြည့်နေပြီကို...လင်း အိုဗာ တင်းတွေဖျော်နေတဲ့ သူတွေကို သိပ်မယုံနဲ့သိလား...'
ဒီလိုမျိုးဆွန့်ကေ ပြာလိုက်လေတော့ ချင်းလ်က လင်းနဲ့ အကြည်စိုက် roဆန်နေခြင်းမှ ဆွန့်အား ပြောင်သလိုကြည့်ပြီး
'မနာလိုတယ်ဆို လိုတယ် ပြောပါ ငယ်လေးရယ်.'
'ဖြစ်ရတယ် ကိုလေးရယ် လိုစရာလား... P' နင့်ကလေ ပိုပြီးတော့တောင် ဂရုစိုက်တက်သေးတယ်...နော် ဟဟ..'
တစ်ခွန်း တစ်ခွန်းစီ စလိုက်နောက်လိုက်ဖြင့်လမ်းလေးသည် ရယ်သံများပြည့်နေတော့သည် ။
'ဆွန့်ကလေး..ဘာတွေရယ်နေတာတုန်း..'
ဆွန့်တို့ ငြင်းလိုက်စလိုက်လုပ်နေစဉ် နင့် ရဲ့ အသံကြားလို့ ဆွန့်တို့ကြည့်မိတော့ နင့် သည် ဆွန့်တို့ရဲ့ဘေးကို ရောက်နေခြင်းဖြစ်သည် ။ ကျန်တဲ့သူတွေကတော့ နောက်ကိုမကြည့်ပဲ ကော့တော့ကော့တော့နဲ့ သွားနေကြသည် ။
'P' နင့် ဘယ်တုန်းက ရောက်တာလဲ..'
'ခုပဲလေ.... ဆွန့်ကလေးရဲ့...ဘာတွေဖြစ်နေကြတာတုန်း..'
'ဒီမှာသိလား ကိုလေးနဲ့လင်း ကလေ ဆွန့်ကို တစ်ယောက်ထဲဆိုပြီး အနိုင်ကျင့်နေကြတယ်...'
ဆွန့်က နင့်ကို စပြီးတိုင်လိုက်လေတော့ ဘေးနားက လင်းက ပြာပြာသလဲဝင်ရှင်းလေသည် ။
'ဆွန့် ငါတို့ဘယ်မှာ အနိုင်ကျင့်လို့လဲ... ကိုကြီး သားသူကို ဘာမှ မပြောဘူးနော်...ပြောတာ သူ...'
ဆိုကာ ချင်းလ်ကို လက်ညိုးကြီးထိုးကာ ပြောပြီး သူမပါသလို ပြောနေလေသည် ။ ဆွန့်က လင်းကိုကြည့်ပြီး ရီနေတော့သည် ။ ချင်းလ်ကတော့ သူ့ချစ်သူလေးနဲ့ အပြုအမှုကြောင့် ရီရခက်ငိုရခက်ပေ ။
ESTÁS LEYENDO
Colourless [System] 💜 Infinity Love 💜 Of Princess Angel And Demon Prince
FantasíaSYSTEM TYPE(zaw and uni) #1(angelsanddemons) 9.10.2021 #1(fujoshi) 9.1.2022 #1(owncreation)24.7.2022 ဖြူစင်ပြီး သနားကြင်နာတတ်သော နတ်သမီး ယူရီဒိုက်စ် (Eurydice) နဲ့ နတ်ဆိုးတစ်ဝက် အိန်ဂျယ် တစ်ဝက် အော်ဖီးရပ်စ်(Orpheus) နှစ်ဦးသား အမ...
![Colourless [System] 💜 Infinity Love 💜 Of Princess Angel And Demon Prince](https://img.wattpad.com/cover/259290710-64-k901896.jpg)