Zawgi...
ကော့ပါး လက်ရှိ နာရီ ပေါ်မှ ပြေးနေတဲ့ ကိန်းဂဏန်းလေးများ ကို အချိန်မှတ်ကာ စိုက်ကြည့်ပြီး နှုတ်ခမ်းလေးများကို အသံမထွက်စေဘဲ လှုပ်ရုံလေးလှုပ်နေပေသည် ။
သုံးမိနစ် တောင်ခနဲမည်သော အချိန်တွင်တော့
'စားလို့ရပါပြီ..'
ထိုသို့ကော့ပါးဆိုလိုက်လေကာ ဖုံးထားလေတဲ့ ခေါက်ဆွဲဘူးလေးရဲ့ အဖုံးလေးစလေးကို အဆုံးထိ ဖွင့်လိုက်လေသည် ။ နူးနူးညံညံနဲ့ စားချင်စဖွယ်ခေါက်ဆွဲလေးများက ပေါ်လာပြီး မွေးရနံလေးတွေကလည်း လှိုင်သင်းနေသည် ။ တွန်မီသည်လည်း ကောင်လေးအလိုကျ ကောင်လေး နီးတူ မိမိရဲ့ခေါက်ဆွဲဗူးလေးကို ဖွင့်လိုက်လေသည် ။
'စားကြည့် အကိုလျှာလည်သွားလိမ့်မယ်.. ဒါဒီ တစ်ပတ်မှ အသစ် အရသာထွက်လာတဲ့ ခေါက်ဆွဲဗူးလေ .. တော်တော်လေး ကောင်းတယ် ဂဏန်း အရသာနဲ့ ချဉ်စပ်လေး...'
သူရဲ့ခေါက်ဆွဲကို အမွှန်းတင်လွန်းနေတဲ့ ကောင်လေးကြောင့် တွန်မီ တစ်လုပ်စားလိုက်လေသည် ။
'အွန်း အရသာ တော်သားပဲ... ကောင်လေး ပြုတ်ကျွေးတာမို့ ပိုကောင်းနေတာနေမှာ..ဒီလိုလက်ရာမျိုး နေ့တိုင်းစားချင်မိသား...'
'ကျွန်တော်ရှိနေတာပဲကို နေ့တိုင်းပြုတ်ကျွေးမယ်လေ...'
တွန်မီက ပြုံးရယ်လိုက်လေကာ.ကော့ပါးရဲ့ အညိုရောင်ဆံနွယ်လေးကိုဖွလိုက်လေရင်း
'ကိုယ့်စကား ကိုယ်မှတ်ထားနော် ကောင်လေး... အကိုနေ့တိုင်း လာကပ်စားနေမှာ..'
'ရပါတယ် ... နေ့တိုင်းဆိုလည်းကျွန်တော်ကျွေးနိုင်ပါတယ်.....'
နှစ်ယောက်သား အပြုံးတွေထပ်တူကြကာ တူစုံတွဲပီး ခေါက်ဆွဲဗူးလေးကိုစားနေကြလေသည် ။
'ဟာညီ ခေါက်ဆွဲဗူးစားနေတာလား.. အနံကိုသင်းနေတာပဲ...'
ESTÁS LEYENDO
Colourless [System] 💜 Infinity Love 💜 Of Princess Angel And Demon Prince
FantasíaSYSTEM TYPE(zaw and uni) #1(angelsanddemons) 9.10.2021 #1(fujoshi) 9.1.2022 #1(owncreation)24.7.2022 ဖြူစင်ပြီး သနားကြင်နာတတ်သော နတ်သမီး ယူရီဒိုက်စ် (Eurydice) နဲ့ နတ်ဆိုးတစ်ဝက် အိန်ဂျယ် တစ်ဝက် အော်ဖီးရပ်စ်(Orpheus) နှစ်ဦးသား အမ...