Zawgi.. .
'ဟို အမကလဲရာ နဲ့ ကျွန်တော် ကတူတူနေကြတဲ့သူတွေပါ......'
ကော့ပါး မိမိရှေ့သည်မှ စူးရဲတဲ့ ခရမ်းရောင်မျက်ဝန်းပိုင်ရှင်သည်ကို ဆိုလိုက်လေပေသည် ။
'တူတူ နေကြတယ် ဟုတ်လား..'
မီရာ ထိုကောင်လေးရဲ့ကိုယ်ကိုလည့်ပတ်ကြည့်နေပေသည် ။ အသားအရေလေးက ကလေးတစ်ယောက်နှယ် နှနေတဲ့အဆင်းရှိလေကာ မှန်းကြည့်ရင် အရပ်သည်လည်း ကလဲရာထက်ပင် လက်မအနည်းလောက် ပုနေနိုင်သေးသည် ။ မျက်နှာလေးကတော့ မဆိုးဘူး ။ မျက်ဝန်း နှာခေါင်း နှုတ်ခမ်း တို့သည် နေရာတကျလေးနဲ့ လိုက်ဖက်ကာ ချစ်စရာကောင်းလွန်းတဲ့ အသွင်အပြင်ကို ဂုဏ်ဆောင်နေသည် ။ ကိုယ်လေးကတော့ ပိမ်ပိန်ပါးပါးသေးသေးသွယ်သွယ်လေးနဲ့ ပင် ။
အကင်းကြီးလေတဲ့ ကလဲရာ အကြိုက်က ထူးတော့ထူးဆန်းသားလို့ မီရာ တွေးမိလေသည် ။ ထိုကောင်လေးသည် ချာတိတ် ပုံစံမျိုးလေးပဲရှိတာလေ ။ ဘယ်လိုဘယ်နည်း နဲ့မှ ဦးဆောင်သူ ကောင်း ဖြစ်နိုင်မှာ မဟုတ်ဘူး ။
'ဒါဆို ကလဲရာ ဘယ်မှာလဲ..'
'ဒီက ဘယ်သူလဲ...'
ကော့ပါး ဘယ်သူမှန်းသေချာမသိလေတဲ့ သူကို အမကလဲရာအကြောင်းမပြောလိုပေ ။ မိမိရှေ့မှ ခရမ်းရောင်မျက်ဝန်းတွေက စူးရှပြီး အနည်းငယ် ကြက်သီးထစရာ ထင်မိလေသောကြောင့် အမကလဲရာ ဘေးဖြစ်စေမယ့်သူဆို ရင် ဘယ်လိုလုပ်မလဲ ဟု တွေးမိလေသောကြောင့်ပင် ။
'ငါက ကလဲရာရဲ့ အမလိုလူ..'
မီရာ ထိုသို့ပြောလေပေမယ့် မယုံသလို ရှိလေသူကြောင့်ဖုန်းကိုထုတ်လေကာ နှစ်ဦးသား တူတူ ရှိက်ခါးလေသည့်ဓာတ်ပုံတွေကိုပြလိုက်ပေသည် ။ ထိုအခါ အလုံးစုံယုံသွားကာ ပြုံးရယ်ခြင်းပြုလာလေတဲ့ကောင်လေးပင် ။
'တွေ့ရတာ ၀မ်သားပါတယ် အမ .. ကျွန်တော်က ကော့ပါး ပါ..'

YOU ARE READING
Colourless [System] 💜 Infinity Love 💜 Of Princess Angel And Demon Prince
FantasySYSTEM TYPE(zaw and uni) #1(angelsanddemons) 9.10.2021 #1(fujoshi) 9.1.2022 #1(owncreation)24.7.2022 ဖြူစင်ပြီး သနားကြင်နာတတ်သော နတ်သမီး ယူရီဒိုက်စ် (Eurydice) နဲ့ နတ်ဆိုးတစ်ဝက် အိန်ဂျယ် တစ်ဝက် အော်ဖီးရပ်စ်(Orpheus) နှစ်ဦးသား အမ...