Arc-9(ep-4)Different changes; gentle and savage

361 45 6
                                    

Zawgi...

နှစ်​ဦးသား လမ်း​ဘေး ကစားကွင်းငယ်​​လေးထဲမှာဖြစ်​ပြီး ထိုသည်​တွင်​ မည်​သည့်​တစ်​ဦးတစ်​​ယောက်​ မှ မရှိ​နေခဲ့​ပေ ။

ကလဲရာ ခရမ်းနှ​ရောင်​ချယ်​ထားတဲ့ ဒန်း​လေး​ပေါ်မှာထိုင်​လိုက်​​လေ​တော့ ​ကော့ပါးကလည်း လိုက်​၍ ​ဘေးဘက်​က လွတ်​​နေတဲ့ ဒန်း​လေး​ပေါ်မှာထိုင်​​လေသည်​ ။

'ကိုယ် ​ငယ်​ငယ်​တုန်းက စိတ်​ညစ်​တာ​တွေ ဘာ​တွေရှိရင်​ ဒန်းကို အရှိန်​ကို ပြင်းနိုင်​သမျှ ပြင်း​အောင်​လွဲစီးဖြစ်​တယ်​သိလား...ပြီး​တော့ ​လေထဲအ​ဝှေ့  ကို မျက်​လုံး​လေးမှိတ်​ပြီး ခံစားကြည့်​တယ်​... ​ဒါဆို ပြသာနာ​တွေကို လက်​တ​လော ​မေ့သလိုဖြစ်​သွားပြီး ​လေထဲ ပျံသန်း ​နေသလို အယ့်​ခံစားချက်​ကို အရမ်းသ​ဘောကျတာ...အားလုံးပြီးစီးသွားရင်​ ပြသာနာက​တော့ရှိ​နေတုန်းပဲ ဆို​ပေမယ့်​ ခံစားချက်​က​တော့ လွတ်​လပ်​ပြီး ​ပေါ့သွားလိမ့်​မယ်​..´

ကလဲရာထိုသို့​ပြောလိုက်​​လေကာ ဒန်းကို အားကုန်​လွဲ​လေကာ စီး​ပေ​လေသည်​ ။ ​ကော့ပါးလည်း လွတ်​လပ်​​နေဟန်​နဲ့ သူမကိုကြည့်​လိုက်​​တော့
လုပ်​ကြည့်​​လေဆိုတဲ့ သ​ဘောနဲ့ ​မေး​ငေါ့ရင်း ကလဲရာ ဆိုလိုက်​​ပေသည်​ ။

ကော့ပါးလည်း ကလဲရာနည်းတူ စီးကြည့်​​လေသည်​။ အားကိုမှ အရှိန်​အမြင့်​ဆုံးနဲ့ပင်​ ။ တကယ်​ကို လွတ်​လပ်​ပြီး​ပေါ့ပါးသွားကာ ​လေထဲမှာ ၀ဲပျံသလားပင်​ မှတ်​ယူရ​ပေသည်​ ။ခံစားချက်​​တွေလည်း ​ပေါ့သွားသလိုပင်​။

မိနစ်​အငယ်​အကြာထိုသို့ ဖြစ်​ပျက်​သွားပြီး​နောက်​ ဒန်း​လေး​ပေါ်မှ ​ကော့ပါး တစ်​​ယောက်​ ပြုံးရွှင်​ပြ​နေတဲ့ ပုံစံ​လေးနဲ့ အသက်​​လေးရှုရိုက်​​နေ​လေ​မိ​တော့သည် ။

'ဘယ်​လိုလဲ...​ပေါ့သွားလား...´

'​ကျေးဇူးတင်​ပါတယ်​အမ.... ကျွန်​​တော်​ရင်​ထဲ ​ပေါ့သွားသလိုပဲ.. ​တော်​​တော်​​လေး အဆင်​​ပြေသွားပြီ...´

'ကိုယ်​ က စပ်​စုတာ​တော့မဟုတ်​​ပေမယ့်​... ဘာ​ကြောင့်​ စိတ်​ညစ်​ခဲ့တယ်​ဆိုတာ ​ပြောပြ​လေ... ကိုယ်​ အကြံ​ပေးလို့ ရ​ကောင်းရတာ​ပေါ့...´

 Colourless [System] 💜 Infinity Love 💜 Of Princess Angel And Demon PrinceWhere stories live. Discover now