Zawgi...
'ကျွန်တော်ကို သွားခွင့်ပြုပါ ဦး... boss ကိုပြောပေးပါ... ရုံအတွက်စိတ်ချပါလို့ ဘာမှ စိတ်မပူပါနဲ့ လို့...´
ထိုသို့ ပြောကာ မုန့်လာပို့သူ ကောင်လေးခင်ဗျာ လှစ်ခနဲပြန်ထွက်သွားလေသည် ။ ဂျော်နသန်လေး ရုပ်ရှင်ကြည့်နေတဲ့ ချစ်ရသူလေး ရှိရာကို စားစရာ ပုံးကြီးနဲ့ လျှောက်လာလိုက်ပေသည် ။
'အများကြီးပဲ မှာထားတာပဲ...´
ဂျော်နသန် ဒွန်ကိုမေးလိုက်လေသည် ။ ဒွန်ကတော့ ခေါင်းလေးတစ်ချက်ညိတ်ပြရုံကလွဲ ဘာမှမဆိုပဲ ရုပ်ရှင်သာ ကြည့်နေပေသည် ။
ဂျော်နသန်က ချစ်ရသူလေး စားဖို့ အစစအကုန်ပြင်ဆင်ပေးလိုက်လေရာ မိနစ်ခဏအကြာ ပြင်ဆင်မှုပြီးသွားပြီး နံရံကပ် တီဗီကြီးနဲ့ ဆိုဖာလေး ကြားထဲမှ ဖန်သားတွေနဲ့ လှပစွာ အလှဆင်ထားတဲ့ စားပွဲလေးတွေ စားစရာများနှင့် နေရာပြည့်သွားပေတော့သည် ။
'ဒွန် အစား စားဦး ပြီးရင် ဟိုအတွက် ဆေးသောက်ရမယ်လေ..´
ဒွန်က ဆိုဖာရဲ့ ကျောဖက်ကို မှီထားရင်းမှ ဘေးနားမှာရှိတဲ့ ဂျော်နသန်ကို ကျောရိုးမရှိတဲ့ သူနှယ် ဘေးစောင်းလေး မှီထားလိုက်ကာ
'ငါ ဇွန်းခရင်း ကိုင်ဖို့တောင် အားမရှိတော့ဘူး... ဒါမင်းကြောင့်ဖြစ်တာ ဒါမို့ မင်းငါကိုခွံ့ ကျွေး...´
ဂျော်နသန်က တစ်ချက်ပြုံးရယ်လိုက်လေကာ
'ကောင်းပါပြီ...´
ဒွန် ကဂျော်နသန်ကိုမှီရင်း ရုပ်ရှင်အကြည့်မပျက် ပဲ ဂျော်နသန် ခွံ့ ကျွေးသည်ကိုလည်း ဇိမ်ခံကာ စားသောက်နေလေသေးသည် ။ မှာထားတဲ့ အစားအစားတွေ စားသောက်ပြီးသွားတော့ ရုပ်ရှင်လေးလည်း ပြီးသွားခဲ့လေသည် ။ ဂျော်နသန်က ဒွန်ကို ကလေးတစ်ယောက်နှယ် ဂရုတစိုက် ဆေးတိုက်ပြီး ဂျီကျလေသမျှ အစစအရာရာ လုပ်ပေးနေလေသည် ။
YOU ARE READING
Colourless [System] 💜 Infinity Love 💜 Of Princess Angel And Demon Prince
FantasySYSTEM TYPE(zaw and uni) #1(angelsanddemons) 9.10.2021 #1(fujoshi) 9.1.2022 #1(owncreation)24.7.2022 ဖြူစင်ပြီး သနားကြင်နာတတ်သော နတ်သမီး ယူရီဒိုက်စ် (Eurydice) နဲ့ နတ်ဆိုးတစ်ဝက် အိန်ဂျယ် တစ်ဝက် အော်ဖီးရပ်စ်(Orpheus) နှစ်ဦးသား အမ...