အပိုင်း (၁၈)

8.4K 913 65
                                    

(Unicode)

ဤအိမ်လေးသည် အစိမ်းသက်သက်ပေမဲ့
လွတ်လပ်တာတော့လွတ်လပ်သည်။
ရှင်းရှင်းလင်းလင်းဖြစ်နေပြီး ဘာအပိုပစ္စည်းမှ
သိပ်မရှိ။ ဂျုံးဂု၏ဗီရိုသုံးလုံးနှင့် ပရိဘောဂ
အနည်းငယ်, ပြီးတော့ ထယ်ယောင်း တစ်ခါမှ
မမြင်ဖူးသော လက်ထိပ်လိုလို,ခါးပတ်လိုလို,
ငှက်မွှေးလိုလိုဟာတွေ။

" ဘာတွေလဲ "

ခေါင်းလေးကိုစောင်းငဲ့ရင်း သူကိုင်ကြည့်နေမိသည်။

ဂျုံးဂုက လူအနည်းငယ်နှင့်စကားစဖြတ်ပြီး
အိမ်ထဲသို့ လှမ်းအကဲခတ်ကာဝင်လာခဲ့သည့်နောက်
မြင်လိုက်ရတာက လက်ထိပ်အကွင်းထဲသို့
လက်ညိုးထည့်ကာလှည့်နေသော ကိုစိတ်ကောက်။
ဂျုံးဂုမှာ မဆိုသလောက်လေးမျက်နှာပူသွားမိပါ၏။

" ဆော့မနေနဲ့ "

လက်ထိပ်ကို ထယ်ယောင်းလက်ထဲမှ ဆတ်ခနဲ
ဆွဲယူရင်း အံဆွဲထဲသို့ သူပစ်ထည့်လိုက်သည်။

" ငှက်မွှေးက ဘာလုပ်ဖို့လဲ ? ကြိုးတွေရောပဲ ?
   ရှုပ်နေတာပဲ မင်းအံဆွဲထဲမှာ "

ထပ်ကိုင်ကြည့်ဖို့လုပ်နေတဲ့ ထယ်ယောင်းရဲ့
လက်တစ်ဖက်ကို ဂျုံးဂုဖြတ်ခနဲလှမ်းဆွဲထားမိ၏။
ဆုံချက်ငြိသွားသောအကြည့်တို့ကို ဂျုံးဂုက
အရင်ရှောင်သည်။

" သိဖို့မလိုဘူး လွှင့်ပစ်မှာတွေ "

လည်ဇလုတ်ချွန်ချွန်တွင် တံတွေးမြိုချလိုက်သည်ကို
ထယ်ယောင်းတွေ့လိုက်ရသည့်အခါ မျက်ထောင့်လေးပင်
ကပ်မိပါ၏။

သူစပ်စုလို့စိတ်ဆိုးသွားတာမျိုးမဟုတ်သော
အမူအရာတွင် မသိစေလိုခြင်းတို့လည်း
ရှိနေခဲ့ပြန်သည်။ထို့ကြောင့် ထယ်ယောင်း ထပ်မေးမနေ
တော့ဘဲ ခေါင်းငြိမ့်ရင်းသာလှည့်ထွက်လိုက်သည်။

" ထယ်ယောင်း "

" ဟင် "

" ခုနက ဆယ်ဟူနဲ့ဘာတွေပြောနေတာလဲ "

" ဪ ဒီလိုပါပဲ ငယ်ငယ်ကအကြောင်းတွေပေါ့။
   တောင်စဥ်ရေမရတွေပါ "

ဖြေပြီးပြီးချင်းပဲနှုတ်ခမ်းကို သူအသာလိပ်၍
ပိတ်ထားမိသည်။ မျက်နှာချင်းဆိုင်မဟုတ်တာပဲ
ကျေးဇူးတင်ရမည်မို့။ အံဆွဲနဲ့အိတ်ထဲရှိ ပစ္စည်း
တွေကိုသာ ဆွဲထုတ်ရင်းခပ်ဆိတ်ဆိတ်နေလိုက်တယ်။

BEYOND THE JOURNEY [Completed]Where stories live. Discover now