အပိုင်း(၂၅)

7.3K 772 89
                                    

(Unicode)

ကောင်းကင်ယံ၌ဝဲပျံနေသော တိုက်လေယာဥ်များကို
တာကက်ရှီ သုန်မှုန်စွာလှမ်းကြည့်လိုက်သည်။
ထို့နောက် မြေပြင်ပေါ်ဝယ် ဒူးထောက်လျက်
ရှိသော ကိုရီးယားတော်လှန်ရေးပြောက်ကျား
အဖွဲ့ခေါင်းဆောင်၏ပါးအား ဘယ်ပြန်၊ညာပြန်
ရိုက်ချကာ ဂျပန်စကားဖြင့်ဆဲရေးနေခဲ့သည်။

သူ့မျက်နှာကား စိုးရိမ်ကြောင့်ကြမှု့များစွာဖြင့်။
တစ်စုံတစ်ခုကြောင့် တစ်စုံတစ်ယောက်အပေါ်
အပြစ်ပုံချလိုက်ဟန်ရသော အပြုအမူပင်ဖြစ်သည်။
တာကက်ရှီအနေနဲ့ ဒီနယ်မြေကလေးကို အေးချမ်း
စေချင်သည်။ တစ်ကမ္ဘာလုံး ပြာကျသွားရင်တောင်
သူ့ခြယ်လှယ်ချင်သလို ခြယ်လှယ်လို့ရတဲ့
ဒီနယ်မြေလေးကိုတော့ အေးချမ်းစေချင်ခဲ့သည်။

" တွေ့လား... မင်းတို့တွေသိပ်သောင်းကျန်းလို့
သူတို့ရောက်လာတာ "

တာကက်ရှီက မိုးပေါ်ကိုလက်ညိုးငေါက်ငေါက်
ထိုးပြရင်း ဖမ်းမိသူများ၏ပါးကိုထပ်ချသည်။

" မင်းတို့ပဲသေမယ်ထင်နေတာလား စောက်ရူးတွေရ "

ခေါင်းစိုက်နေပြီဖြစ်သော ပြောက်ကျား
ခေါင်းဆောင်၏ဂုတ်ကို တာကက်ရှီက
ဆွဲလှန်ပစ်ရင်း တစ်လုံးချင်းပြောသည်။

" မင်းတို့ဒီလိုပဲဆက်ပြီးပုန်ကန်နေမယ်ဆိုရင်
မင်းတို့မိသားစုလည်းသေမယ်။ အပြစ်မရှိတဲ့
သူတွေလည်းသေမယ်။ အလင်းဝင်စမ်းပါကွ။
သခင်ကြီးတွေက ဆုတောင်ချီးမြှင့်ကြဦးမှာ။
ဟုတ်ပြီလား။ ငါမင်းတို့အတွက်ပြောနေတာ "

" မင်းအာဏာရူးချင်လို့ဆိုတာပဲထည့်ပြော။
ငါတို့အတွက်ဆိုတာကို မင်းရဲ့ကျက်သရေ
ယုတ်တဲ့ပါးစပ်ကမထွက်စမ်းနဲ့ ထွီ ရွံ့လွန်းလို့ "

တာကက်ရှီက ထပ်ရိုက်ဟန်ပြင်သည်။
သို့သော် လက်ဝါးကိုမရုတ်ချင်ရုတ်ချင်နဲ့
ပြန်ရုတ်ကာ အံကြိတ်ပြီးပြုံးလိုက်၏။

" ငါတို့ကဘာမှမဖြစ်ဘူးနော်။ ပျက်စီးမှာ
မင်းတို့မြေ၊ မင်းတို့ရေ၊ မင်းတို့သွေး၊ မင်းတို့သား၊
အနေသာကြီး ငါတို့နဲ့..... သနားလို့ဝင်ညှိနှိုင်း
ပေးနေတာ။ တည်နေရာပြော။ ဒါမှမဟုတ်လည်း
လူဦးရေပဲဖြစ်ဖြစ် "

BEYOND THE JOURNEY [Completed]Onde histórias criam vida. Descubra agora