(Unicode)
စစ်ကားများစွာက ဘူဆန်မြေပေါ်သို့
ချဥ်းနင်းဝင်ရောက်လာခဲ့သည်။
ရှေ့ဆုံးမှကားခေါင်းခန်းတွင်စီးနင်း
လိုက်ပါလာသူမှာကား ဂျုံးဂု။
သူကဒီတပ်ဖွဲ့ကိုဦးဆောင်ပြီးစခန်းဆီသို့
ခေါ်လာခြင်းပင်။ မိမိနှင့်အတူပါလာသော
ကားမောင်းသူကို ဂျုံးဂုကခေါင်းမလှည့်ဘဲ
မျက်လုံးနဲ့ပင် ငဲ့ကြည့်လိုက်လေသည်။အချိန်းအချက်ပြုထားသောမျက်ဝန်းများက
ဆက်သွယ်သွားကြပြီး ကားလမ်းကြောင်းကို
ရုတ်တရက်ပြောင်းလိုက်တော့သည်။ဂျုံးဂုသည် ခါးကြားထဲမှသေနတ်ကို
နေရာကျမကျစမ်းလိုက်ပြီးနောက်
သူ့လက်ဘေးတွင်ထောင်ထားသော
ရိုင်ဖယ်ကိုပါဖျတ်ခနဲကြည့်လိုက်၏။သူတို့လမ်းကြောင်းပြောင်းလိုက်သည်နှင့်
တစ်ပြိုင်နက်ဒုတိယစစ်ကားကချက်ချင်း
ရပ်သွားသည်။ ထို့နောက် အနောက်၌တန်းစီ
ပါလာသောကားများလည်းရပ်သွားကြလေသည်။" ဟေး ဘာလုပ်တာလဲ "
ဂျပန်စစ်သားသုံးလေးယောက်က ခုန်ဆင်းပြီး
သူတို့ကားဆီ ဆင်းလာသည်။ မျက်နှာတွေက
ခပ်မာမာဖြစ်ပြီး ဂျုံးဂု ကားလမ်းကြောင်း
ပြောင်းလိုက်တာကို သင်္ကာမကင်းဖြစ်သွားပုံရကာ
မြေပုံကိုလက်နဲ့ရိုက်ရင်းတဖျတ်ဖျတ်ခါပြလေသည်။" ဒီလမ်းမဟုတ်ဘူး မင်းငါတို့ကိုဘယ်ခေါ်
သွားမလို့လဲ "" ဟိုးကိုလည်းလှမ်းကြည့်လိုက်ဦး "
မူလလမ်းကြောင်းရှိရာဆီ ဂျုံးဂုလက်ညိုး
ထိုးပြတော့ ရှူးရှူးရှားရှားလှမ်းကြည့်ကြသည်။" အိပ်ငိုက်နေရင်လည်း အရှေ့ကချောင်းမှာ
မျက်နှာသွားသစ်လိုက်ဦး။ ပိတ်နေတာလေးတွေ
ကြည်သွားအောင်လို့ "ဂျုံးဂုအပြောတွေကတင်စီးလွန်းလှသော်လည်း
အမှန်ပင်ဖြစ်သည်။ မနေ့ညကမှ လောလော
လတ်လတ်မိုင်းအခွဲခံထားရသော အုတ်တံတားက
တစ်ခြမ်းမရှိတော့ပေ။ တစ်ခြမ်းမှာလည်း
တိုင်များသာကျန်ပြီး ကပ်သီးကပ်သပ်သွား
တတ်ပါလျှင် သံဖရိန်များပေါ်မှတော့ဖြတ်သွား၍
ရသည်။ သို့သော် စစ်ကားများကိုတော့
ဖြတ်ရ၊မရထည့်သွင်းစဥ်းစားဖို့ပင်မလိုပါချေ။
နွေရာသီတွင်တောင် တဝုန်းဝုန်းဖြင့် အားကောင်း
လွန်းစွာစီးဆင်းနေခဲ့သော တောင်ကျချောင်းကို
ဖြတ်မည်ဆိုပါလျှင် ကိုယ့်သေတွင်းကိုယ်တူး
နေသည်နှင့်ခြားမည်မဟုတ်။
YOU ARE READING
BEYOND THE JOURNEY [Completed]
Fanfiction#Taeguk #War #Fiction #BoyxBoy #MalePregnant