(Unicode)
လေထုသည်ချက်ချင်းပင်အေးစက်သွားခဲ့၏။
အိမ်ထဲမှမပြေးရုံတစ်မယ်ထွက်သွားသော
ထယ်ယောင်းကို ဂျုံးဂုစိတ်ပူစွာလှမ်းကြည့်မိ
သော်လည်း ဆာကူရာကဘာမှမဖြစ်သလိုပင်
ပစ္စည်းများကိုကိုင်ကြည့်လျက်မသိချင်ယောင်
ဆောင်နေခဲ့သည်။" နောက်တစ်ခါ စကားပြောဆင်ခြင်ပေးပါ "
ဒေါသစွက်နေသောဂျုံးဂုလေသံ ။ ဆာကူရာက
အခုလိုကိုယ်ရေးကိုယ်တာပိုင်းတွေအထိ ဝင်ရောက်
ပြောဆိုခြင်းကို ဂျုံးဂုနည်းနည်းမှမနှစ်သက်ပေ ။
မိမိကကိစ္စမရှိပေမယ့် ဘေးလူတွေကြောင့်
ထယ်ယောင်းအနေရခက်သွားမှာကိုစိုးသည် ။" အမှန်တွေပဲမဟုတ်လား "
ဆာကူရာသည် ဂျုံးဂုကိုတစ်ချက်မှလှည့်မကြည့်ဘဲ
မြေအိုးပေါ်ရှိကနုတ်များကိုသာ လက်ဖျားနဲ့
ထောက်ရင်း စိတ်ဝင်တစားဟန်ဖမ်းထားခဲ့သည်။" သူကယောကျာ်းလေး ။ အဲ့ဒီလိုဖြစ်နေတယ်ဆိုတာ
သူ့ကိုယ်သူလက်ခံချင်မှလက်ခံနိုင်လိမ့်မယ် ။
မင်းသူ့ကိုလေးစားပြီး စကားကိုဆင်ခြင်ပြောဖို့လိုတယ် "" ဟ ဟ ဟ "
ရယ်ချလိုက်သောအသံစူးစူးလေးကြောင့် ဂျုံးဂု၏
မျက်မှောင်တွေကပိုကုတ်သွားခဲ့တယ် ။" ဘယ်သူကဘယ်သူ့ကိုလေးစားရမှာတုန်း
ဂျုံးဂုရဲ့ ။ ဟင် ...... ကျွန်မကိုပြောပါဦး ။
ရှင်အတိတ်များမေ့နေသလား "" ငါ့ဘဝကိုငါဘယ်တော့မှမမေ့ဘူး ဆာကူရာ "
" အဲ့တာကြောင့် ကျွန်မအစားထယ်ယောင်းကို
ရွေးချယ်ပြီး ကျေးဇူးဆပ်လိုက်တာပေါ့လေ "ကျစ်ခနဲစုပ်သတ်လိုက်သောဂျုံးဂုပုံကြောင့်
နှုတ်ခမ်းကိုတင်းတင်းစေ့ပစ်လိုက်သောဆာကူရာ။
မချစ်ရင်တောင်အလိုက်အထိုက်ဆက်ဆံတတ်သော
ဂျုံးဂုက ထယ်ယောင်းကြောင့်အခုလိုဆက်ဆံ
လိုက်သည်လား ။" ရှင်အများကြီးပြောင်းလဲသွားတယ်ဂျုံးဂု "
မဆုံးသေးသောစကားဖြစ်သော်ငြား ဂျုံးဂုက
ထိုနေရာမှထွက်သွားလေသည် ။
YOU ARE READING
BEYOND THE JOURNEY [Completed]
Fanfiction#Taeguk #War #Fiction #BoyxBoy #MalePregnant