အပိုင်း(၃၆)

7.5K 738 107
                                    

(Unicode)

နေသည်ပူပြင်းလွန်းလှ၏။
အဝါရောင်သန်းသောရွက်ဟောင်းတို့မှာ
ရွက်နုလေးများကိုနေရာပေးရန်အတွက်
ကြွေဆင်းပေးရချေပြီ။

လွယ်လွယ်ကူကူကြွေဆင်းနေကြပုံမှာ
အချိန်တန်လို့သက်ဆင်းပေးရခြင်းအပေါ်၌
အမျက်အအီမကပ်ခိုသည့်အလား။

နုပျိုခဲ့ဖူးသောနေရာကိုတွယ်တာမှု့ကင်းကင်း၊
နောက်ဆံတင်းခြင်းရှင်းရှင်းဖြင့် လေရူးတွေ
ကြားမှာ လှလှပပကလေးဝေ့ကာဝဲကာ
နှုတ်ဆက်လျက်။ နောက်ဆုံးမှာတော့ မြေပြင်အား
အဝါရောင်ကောဇောနုနုတစ်ချပ်နှယ် တန်ဆာ
ဆင်ရင်း အိန္ဒြေရရငြိမ်သက်သွားကြလေသည်။

သို့သော် လေပွေရူးမှာထိုငြိမ်သက်ခြင်းကို
သဘောမကျသည့်အလား တိုက်ခတ်ရန်စ
နေစမြဲပင်။ ထို့သို့ရန်စလေလေ၊ လောက၏
မြင်ကွင်းတို့၌ ပျော်ရွှင်ခြင်းအမှုန်အမွှားလေး
များကပြန့်ကျဲသွားလေလေပင်။

ပြန်မတုံ့နှင်းသောရွက်ဝါကြွေများ၏ခွင့်လွှတ်ခြင်းကား
ကမ္ဘာမြေကို တုယှဥ်ပြိုင်ခြင်းကင်းစွာဖြင့်
လှပနေစေမြဲ။ လေရူးသည်နှောင့်ယှက်ရခြင်း၌
စိတ်ကုန်သွားပုံရပြီး ပတ်ဝန်းကျင်သည်
သစ်ရိပ်၊ဝါးရိပ်ကလေးများအောက်၌
ခေတ္တခဏဆိတ်ငြိမ်သွားခဲ့၏။

စက္ကူပန်းနီနီလေးတွေခြုံလွှမ်းထားသည့်
အိမ်ကလေးရဲ့ အရှေ့အုတ်ခုံအထက်မှာတော့
စကားသံတိုးတိုးက တစ်ချက်တစ်ချက်
ထွက်ပေါ်လို့နေသည်။

" ဘာလို့မသတ်ပစ်ရတာလဲ ဟိုမိန်းမကို "

" သူ့အကြောင်းမပြောဘဲနေရအောင် "

ဂျုံးဂုတားလိုက်တော့ သူ့ပုခုံးပေါ်မှီထားသော
ထယ်ယောင်း၏ခေါင်းကလေးက ဖယ်ခွာသွား
သည်။ နှုတ်ခမ်းများကိုမကျေမနပ်စုလျက်
မနေ့ကအဖြစ်ကို အခဲမကြေဟန်။

" စိတ်ရှိနေသေးလို့လား အဲ့မိန်းမအပေါ်ကို "

ချည်ပြီး၊တုတ်ပြီးမေးတဲ့စကားအသွားအလာကို
ကြားတော့ ဂျုံးဂုခပ်ရေးရေးပြုံးမိသွားတယ်။
အရှင်းလင်းဆုံးက သူ့နှလုံးသားဖြစ်သည်။
ထယ်ယောင်းကလွဲပြီး ချစ်ချင်စရာဆိုတာ
သူ့ဘဝမှာရှိလာနိုင်တော့မှာမဟုတ်ဘူး။

BEYOND THE JOURNEY [Completed]Where stories live. Discover now