(Unicode)
မေပယ်ပင်ရွက်တို့သည် ထယ်ယောင်းခန္ဓာကိုယ်
ပေါ်သို့ တလွင့်လွင့်ကြွေဆင်းနေခဲ့သည် ။
ကြယ်သီးမရှိတော့သော အင်္ကျီအောက်အနားစက
ကွဲထွက်နေပြီး လေတိုးဝှေ့တိုင်းမှာ တဖြတ်ဖြတ်
လန်နေတော့သည် ။ ဗိုက်စူစူလေးပေါ်သွားတိုင်း
ထယ်ယောင်းမှာ ကိုယ့်ဘာသာပြုံးစိစိရယ်ရင်း
ရှက်ရှက်နှင့်ဖုံးရသည်က ခဏခဏ ။" ထယ်ယောင်းရေ ကားပေါ်ကိုပစ္စည်းတွေ
တင်မယ် "" ဟုတ်ကဲ့ အစ်ကိုဆယ်ဟူ "
ထယ်ယောင်းက ခေါင်းသွက်သွက်ငြိမ့်ပြလိုက်ပြီး
ဆာကူရာ၏အထုတ်အပိုးများ , သစ်သီးခြင်းများနှင့်
အခြားသောအိတ်မျိုးစုံတို့အား ကားပေါ်သို့
တင်ပေးနေခဲ့သည် ။ အမှန်တိုင်းပြောရပါမူ
အစ်ကိုဆယ်ဟူ့အနားနေပြီး တောက်တိုမယ်ရ
လုပ်ပေးရတာက ပိုပြီးလူပင်ပန်းမှန်း ထယ်ယောင်း
သိသည် ။ အလုပ်သမားအဖွဲ့နှင့်ဆိုလျှင် ကိုယ့်
တာဝန်ပြီးပါက နားနေ၍ရသော်လည်း အစ်ကို
ဆယ်ဟူနှင့်ကတော့ ဟိုသွားဒီလာနဲ့ ထမင်းတောင်
စားချိန်သိပ်မရပေ ။ ဒါပေမဲ့ ထယ်ယောင်း
ပျော်သည် ။ လူပင်ပန်းပေမယ့် စိတ်လွတ်လပ်သည့်
အပြင် ရင်းနှီးတဲ့လူတစ်ယောက်ရှိသေးပါလားဆိုသော
အသိက ထယ်ယောင်းကိုအားတက်စေသည် ။" အစ်ကို ပစ္စည်းတွေအကုန်တင်ပြီးပြီ "
" ကျေးဇူးပဲနော် ထယ်ယောင်း "
ဆာကူရာက ငွေမျှင်ရောင်အိတ်ကလေးကို
ကသုတ်ကရုတ်လွယ်ရင်း ရောက်လာပြီးဆို၏။" အာ မလိုပါဘူး ။ ဒါကျွန်တော့်အလုပ်ပဲကို "
ဆာကူရာ့ဘေးတွင်တော့ ဘယ်သူ့ကိုမှမကြည့်ဘဲ
သူ့ဆံပင်ကိုသူ တသသလုပ်နေသောဂျုံးဂု ။
လက်ကိုအာငွေ့ပေးလိုက် , ဆံပင်ကိုဖိချလိုက်နဲ့
အလုပ်ရှုပ်နေတုန်း ။" ကျွန်မ ရှင်နဲ့ပြန်တွေ့ချင်သေးတယ်နော် "
ဆာကူရာက ထယ်ယောင်းကို ဝမ်းပမ်းတနည်း
မျက်လုံးတွေနဲ့ကြည့်ရင်းနှုတ်ဆက်နေခဲ့သည်။" တွေ့ တွေ့ရမှာပါ "
" ရှင်သိလား ။ အခုကခေတ်ပျက်ကြီးလေ ။
ဘယ်သူ့လက်ချက်နဲ့မဆို သေသွားနိုင်တယ် ။
ဘယ်နားမှာများ သေနတ်နဲ့အပစ်ခံရမလဲ ။
ဘယ်သူ့ဓားအောက်မှာအသက်ပျောက်နေမလဲ ။
ဘာကိုမှ ကြိုမသိနိုင်တဲ့ အနာဂတ်ကြီးမလား။
ရှင်တစ်ခုခုဖြစ်သွားလို့ ကျွန်မနဲ့မတွေ့ရတော့ရင် "
YOU ARE READING
BEYOND THE JOURNEY [Completed]
Fanfiction#Taeguk #War #Fiction #BoyxBoy #MalePregnant