အပိုင်း(၂၇)

8.4K 890 101
                                    

(Unicode)

မိုးစုန်းစုန်းချုပ်တော့မှပဲ သူတို့နှစ်ဦးလုံး
အိမ်သို့ပြန်ရောက်ကြသည်။ ဓာတ်မီးရဲ့
အလင်းရောင်ကိုအားပြု၍ ထယ်ယောင်း
လက်ကိုမိမိရရဆုပ်ကိုင်ထားသော ဂျုံးဂု၏
လက်များကမြဲမြံလှသလို ခြေလှမ်းများကလည်း
တက်ကြွနေလျက်ရှိသည်။

" မိုးချုပ်နေပြီ။ ရေမချိုးနဲ့တော့နော် ခဏ "

ထယ်ယောင်းကိုအိမ်ထဲမှာထားခဲ့ပြီး သူကိုယ်တိုင်
ကတော့ အိမ်အနောက်ဘက်ကရေစည်မှာ
ရေမြန်မြန်ချိုးကာ ထယ်ယောင်းကိုရေပတ်
တိုက်ပေးရန် တဘက်တစ်ထည်ကို ရေညှစ်ပြီး
ယူလာလိုက်တယ်။

" အင်္ကျီချွတ် "

အင်တင်တင်လုပ်နေတဲ့မျက်နှာလေးကို
ဖယောင်းတိုင်အလင်းရဲ့အရှိန်ဖြင့် ဂျုံးဂု
မြင်လိုက်ရသည်။ ပြောရဆိုရသိပ်ခက်တဲ့
ကောင်လေးမှန်းသိသော်လည်း ဂျုံးဂုက
ဘယ်တော့မှတစ်ခွန်းတည်းနဲ့ပစ်မထား။

" ရေပတ်တိုက်ပေးမလို့ "

သူကိုယ်တိုင်ပင် အင်္ကျီချွတ်တဲ့နေရာမှာ
ဝင်ကူညီလိုက်သည်။ ခပ်ဖောင်းဖောင်း
ဗိုက်ကလေးကိုမြင်တော့ ဂျုံးဂုနှုတ်ခမ်း
ကိုက်မိသွားသည်။ အသည်းယားစရာ
ကောင်းအောင်ကို ထယ်ယောင်းခန္ဓာကိုယ်က
လိပ်ပေါက်စလေးလိုလုံးလုံးသေးသေးလေး
ဖြစ်နေသည်။ ကိုယ်ဝန်အရှိန်ကြောင့်
မျက်နှာလေးတွေကအစ ၊ ခြေလက်တွေအဆုံး
ဖောင်းဖောင်းလေးဖြင့်ချစ်စဖွယ်အတိ။

" ရေပတ်ပဲတိုက်နော် "

ထယ်ယောင်း မယုံမရဲနဲ့ကျောပေးလိုက်သည်။
ကိုယ့်ယောကျာ်းနှင့်ကိုယ်တောင် မယုံသလိုလို၊
ရှက်သလိုလိုဖြစ်နေတဲ့ထယ်ယောင်းကို ဂျုံးဂု
ပိုစချင်သွားရလေသည်။

" ဘာတိုက်ရဦးမှာလဲ နို့လား "

" ဂျုံးဂု မင်းနော် "

" နွားနို့လေ ကလေးအတွက်ကောင်းတယ်။
ငါ့ဆီကထွက်တဲ့နို့ကတော့ မင်းနဲ့ပိုသင့်တော်
အ အ ဟားဟား "

#ဘုန်းဘုန်း

" ပြောဦး ပေါက်ကရတွေ "

နောက်လှည့်ပြီးထုရိုက်ခြင်းကိုခံရသည့်တိုင်
ဂျုံးဂုက ရယ်နေမြဲ။ အသံတွေပါ တဟားဟား
ထွက်နေသည်မို့ ထယ်ယောင်းကရှူးခနဲဖြင့်
သတိပေးသည်။

BEYOND THE JOURNEY [Completed]Where stories live. Discover now