အပိုင်း(၂၀)

8.4K 923 195
                                    

(Unicode)

မနက်စောစောစီးစီးထွက်ပြူစပြုလာသော
နေရောင်ခြည်သည်နွေးမြမြလေးဖြစ်သည်။
နွေဦးတွင်နေ့တာကရှည်သော်လည်း တောအုပ်
အဝင်နားက ဒေသလေးဖြစ်သည်မို့ အေးမြ
တိတ်ဆိတ်ခြင်းတို့ကလည်း ရောယှက်
နေကြလေ၏။

လတ်ဆတ်သောလေထုတွင်တော့
ပြင်းအားအချို့က အနည်းငယ်ပါဝင်
နေခဲ့ပြီး ထိုတိုက်ခတ်အားကြောင့်ပင်
သစ်ရွက်ကြွေတို့သည် ကန်ရေပြင်
ပေါ်အထိ သက်ဆင်းသွားကြလေသည်။
တစ်ဆက်တည်းမှာပင် မလှမ်းမကမ်းရှိ
တောင်ပေါ်ကျောင်းလေးဆီမှ အုန်းမောင်း
ခေါက်သံတတောက်တောက်က ငြိမ်းချမ်း
ကြည်လင်စွာထွက်ပေါ်လာလျက်ရှိသည်။

မနက်ခင်းရဲ့ချိုသာမှု့ကိုခံစားရင်း အိမ်ရှေ့၌
ခြေဆန့်လက်ဆန့် လမ်းထွက်လျှောက်နေသော
ထယ်ယောင်းဘေးတွင်တော့ ခွာမရသော
ယောကျာ်းတစ်ယောက်ရှိလေသည်။

" ဖြည်းဖြည်းလျှောက်ပါ "

" ဖြည်းဖြည်းပဲလျှောက်နေတာကို၊ ခရုကတောင်
ငါ့ထက်မြန်ဦးမယ် "

" ဒါဆိုလည်း အဲ့ခရုကိုအကြောပေးလိုက် "

" ဘာဖြစ်နေတာလဲ မင်း "

" ဂရုစိုက်ပေးနေတာလေ။ မကြိုက်ဘူးလား "

" မကြိုက်ဘူး "

" မကြိုက်လည်းနေပေါ့။ ငါ့ကလေးငါဂရုစိုက်တာပဲ။
မင်းခွင့်ပြုချက်လည်းမလိုပါဘူး "

ဂျုံးဂုသည်အကဲပိုလွန်းလှ၏။ ကလေးရှိပြီဆိုတာ
သိတဲ့နေ့ကစပြီး မိမိဘေးကမခွာတော့ပေ။
အပြင်ကိုလည်း မဖြစ်မနေမှသာသွားသည်။
အားဆေးတွေရော၊ စားချင်တာတွေရော
မညည်းမညူဝယ်ကျွေးရှာသေးသည်။
သို့ပေမဲ့ အခုတလော၌ စားချင်စိတ်က
ထူးထူးဆန်းဆန်းပင်ပျောက်ဆုံးနေခဲ့သည်။
မဖြစ်မနေမို့သာစားရသော်လည်း လစ်ဟာနေ
ခြင်းကသာ နေ့စဥ်နဲ့အမျှတိုးလာသဖြင့် ဂျုံးဂုရှိနေ
၍သာတော်သေးသည်။ တစ်ယောက်တည်း
နေတတ်ခဲ့သောသူမှာ နှစ်ယောက်ရှိလာတော့
နောက်တစ်ယောက်ကိုအဖော်အဖြစ်မျှော်မိပြန်၏။

တစ်ခါတစ်လေ အရမ်းအားငယ်နေတတ်ပြီး
တစ်ခါတစ်လေ စိတ်တွေအရမ်းတိုနေတတ်သည်။
ဘာကိုမှဘဝင်မကျဘဲ ငိုချင်လိုက်၊ အားငယ်လိုက်
ဖြင့် စိတ်အတက်အကျကလည်း အလွန်မြန်ဆန်
လာမှန်း သတိထားမိသည်။ သို့သော် ဂျုံးဂုမိမိဘေးမှာ
ရှိနေတဲ့အခါတိုင်း လုံခြုံနွေးထွေးမှု့ကိုခံစားရပြီး
စိတ်ကလေးလည်းအေးရသည်။ မည်သို့ပင်
ကြည့်မရကာ ရန်ဖြစ်နေပါစေ၊ ဤအခြေအနေ
လေးကပင် ကြည်နူးဝမ်းမြောက်ဖွယ်ကောင်းပါ၏။

BEYOND THE JOURNEY [Completed]Where stories live. Discover now