အပိုင်း ( ၃ )

12.3K 1.5K 94
                                    

(Unicode)

ဂျစ်ကားလေးတစ်စင်းက လျှိုမြောင်လမ်းသွယ်
အသီးသီးကို ခရီးပန်းစွာ ဖြတ်သန်းလာလျက်
ရှိသည် ။ ထယ်ယောင်း၏မိခင်မှာ ခရီးပန်း
နေပါသော်လည်း ပေါင်ပေါ်တွင် အကျအန
တက်အိပ်နေသော သားတော်မောင်လေးကို
မနှိုးရက်ရှာ ။ တစ်ဦးတည်းသော သားလေး
ဖြစ်သည့်အပြင် ခက်ခက်ခဲခဲမွေးဖွားစောင့်ရှောက်
ထားရသည်မို့ အချစ်ပိုလွန်းမက ပိုလေသည် ။

ကျွန်းသားဖြင့်ပြုလုပ်ထားသော ဘီးကို
ဆံလိပ်ခွေများကြားထဲမှ သူမ ဆွဲထုတ်ကာ
ပွယောင်းနေသော ဆံပင်များကို ဖြီးကြော
နေစဥ်မှာပဲ ထယ်ယောင်းနိုးလာခဲ့တယ် ။

" ဟော သားလေး နိုးလာပြီလား "

" ဖေဖေ့ကိုကားရပ်ခိုင်းလိုက်ဦး ကျွန်တော်
အပေါ့သွားချင်လို့ မေမေ "

" ဖေကြီးရေ သားငယ်လေးက အပေါ့သွားချင်လို့
ကားရပ်ပေးပါဦးတဲ့ "

ကားရပ်ရပ်ချင်းမှာပဲ မိခင်ဖြစ်သူက ကနုတ်ထိုး
ထားသည့် ခြေနင်းလှလှကို ခိုင်မြဲအောင်
ကောက်စွပ်ရင်းနဲ့ ထဖို့ပြင်တယ် ။

" အာ မေမေ မလိုက်နဲ့လေ "

" ဘာလို့လဲ သားလေးရယ် မေမေက
စိတ်မချလို့ဟာကို "

" ဒီနားလေးပဲလေ မေမေရဲ့  ကျွန်တော် ရှက်တယ် "

မိခင်ဖြစ်သူက ရှက်ပြုံးလေးနဲ့ နားရွက်တွေ
ပွတ်နေသော သားဖြစ်သူကိုကြည့်ရင်း
ရယ်တယ် ။

ကြည့်ပါဦး သားက လူပျိုပေါက်ကလေးဖြစ်လာတော့
ရှက်တတ်နေလိုက်တာ ... ။

အရင်ကဆို မအေပဲအမြဲကပ်နေတဲ့ ကလေးလေးက
အခုပြောင်းလဲလာသည်မို့  စိတ်ထဲလည်း
ဝမ်းနည်းဝမ်းသာနဲ့ .....။

" အရမ်းအဝေးကြီးတွေ မသွားနဲ့နော် သား"

ထယ်ယောင်းသည် ကောင်းနိုးရာရာ နေရာလျှောက်
ရှာရင်း ခပ်လှမ်းလှမ်းရောက်ပါမှသာ ကိစ္စရှင်းလိုက်
သည် ။ တောတောင်နဲ့ မစိမ်းလှပေမယ့် သိပ်လည်း
မရင်းနှီးသူမို့ ဟိုကြည့်ဒီကြည့်နဲ့ သူ အခုထိမပြန်
နိုင်သေးပေ ။ မြက်ချုံလေးဘေးနားတွင် လှုပ်စိ
လှုပ်စိဖြစ်နေသည့် အရာလေးကိုတွေ့တော့
ထယ်ယောင်းတစ်ယောက် ခေါင်းလေးပုဝင်ကာ
တစ်လှမ်းချင်းတိုးသွားမိသည် ။

BEYOND THE JOURNEY [Completed]Where stories live. Discover now