အပိုင်း (၁၄)

10.5K 1.2K 53
                                    

(Unicode)

#ဖြန်း

ရိုက်ချက်ကမနာပေမယ့် ရှက်စိတ်ကြောင့်
ဆယ်ဟူ့မျက်နှာက နီတက်လာသည် ။

" ဘာလို့ဂျုံးဂုမေးတာကို အမှန်အတိုင်းဖြေလိုက်
  ရတာလဲ ။  ရှင်မစဥ်းစားတတ်ဘူးလား ။
   အဲ့ဒီကိစ္စကအမှန်ဆိုရင်တောင် ဂျုံးဂုသံသယ
  ဝင်သွားအောင် ငြင်းခဲ့ရမှာလေ "

ဆယ်ဟူ့ခမျာ ဆုပ်လည်းဆူး, စားလည်းရူးဆိုသလို
ဖြစ်နေသည်။ တစ်ဖက်ကနှလုံးသား , တစ်ဖက်က
သေခြင်းတရား , ဓားသွားနှစ်ခုကြားမှာ ကိုယ့်
လည်ပင်းကိုယ် မဖြတ်မိစေဖို့ရုန်းကန်နေရ၏။

" မဟုတ်ဘူး ဆာကူရာ ။ ဂျုံးဂုကအဲ့ဒီကိစ္စကို
  သိပြီးမှ လာမေးတာ ။ တစ်ချိန်ချိန်မှာလည်း
  လိမ်မရမယ့်ကိစ္စဖြစ်လာမှာပဲမလား "

" မဟုတ်ဘူး ။ မပြောနဲ့ "

အရှိုက်ထိသွားသည့်နှယ် နားပိတ်ပြီးဟန့်တား
ပစ်သော ဆာကူရာ ။ မျက်နှာလှလှလေးတွင်
ဆေးဆိုးပန်းရိုက်တို့ ကင်းစင်နေကြပြီး မျက်ဝန်း
ဖောင်းဖောင်းတို့ကဘယ်လောက်အထိ ငိုထားတယ်
ဆိုတာလည်း သိသာလွန်းတယ် ။

ဆာကူရာ ဒီရက်တွေမှာအိပ်ပင်မပျော်ခဲ့ ။
ထယ်ယောင်းကိုဂျုံးဂုက လက်ထပ်ဟန်ဆောင်ကာ
အတူပေါင်းသင်းနေထိုင်သည်ဟူသော သတင်း
ကြားကတည်းက သူမမျှော်လင့်ချက်တွေအပိုင်းပိုင်း
ကျိုးကြေခဲ့တာ ။ ဒါပေမဲ့ ဆာကူရာက သူ့ကိုယ်သူ
ပြန်အားတင်းသည် ။ ဂျုံးဂုကယောကျာ်းလေး
တစ်ယောက်ကို ဘယ်အချိန်အထိများချစ်နိုင်ပါ့မလဲ ။
တစ်ချိန်ချိန်မှာသံယောဇဥ်နှောင်တွယ်စရာမရှိရင်
ပစ်ချခဲ့မှာကို ဆာကူရာတွေးမိတော့ ကောက်ရိုး
တစ်မျှင်ကောက်ရလိုက်သလိုပဲ ။

ဆယ်ဟူရောက်မလာခင် ဒီမနက်ပိုင်းအထိပေါ့ ။
ယခုမူ ဆာကူရာ ရူးမသွားအောင်စိတ်ထိန်းနေရ၏။
ထယ်ယောင်းကကိုယ်ဝန်ဆောင်နိုင်သတဲ့လား ။
ဆာကူရာ အော်ပြီးသာရယ်ပစ်ချင်တော့သည်။

" ဘယ်ကလေးမှ လူ့လောကထဲရောက်မလာခင်
   ထယ်ယောင်းကို ရှင်အရင်သတ် "

" ဆာကူရာ "

တာကက်ရှီ ဒီ့ထက်ပိုပြီးကြည့်မနေနိုင်တော့ဘူး။
သူ့ဝှက်ဖဲကလေးကို အချိန်မတိုင်ခင်ထုတ်ပြလိုက်ရင်
ဘာအားနည်းချက်မှ ကိုင်စရာကျန်မှာမဟုတ်ဘူးမို့

BEYOND THE JOURNEY [Completed]Onde histórias criam vida. Descubra agora