အပိုင်း(၃၂)

8.3K 772 68
                                    

(Unicode)

" ဝင်လာစေချင်တယ် "

သူမျှော်လင့်ထားသလိုစကားရိုင်းရိုင်းတွေ
ထယ်ယောင်းနှုတ်ဖျားမှထွက်မလာ။

နူးနူးညံ့ညံ့လေးတောင်းဆိုနေပုံက လေရူးတွေ
ကြောင့် မြေပြင်ပေါ် ဝဲလွင့်သွားရသော
သစ်ရွက်ခြောက်ကလေးများထက်
တိုးတိတ်ညှင်သာသည်။ သူ့မျက်နှာကို
ရှက်ဝဲဝဲဖြင့်ကြည့်နေပုံလေးကလည်း
ထွက်ပြူစရွက်နုငယ်လေးများလို အထိအခိုက်
တစ်ချက်လေးမှာတင် ပဲ့ကြွေသွားမလားထင်ရသည်။

ထယ်ယောင်းဟာ တင့်တင့်တယ်တယ်လေးနဲ့ကို
ပွင့်လန်းသောကြာပန်းလေးပမာ။ ဝင့်၍ကြည့်သော
ညို့မျက်ဝန်းတွေကို ဂျုံးဂုမလွန်ဆန်နိုင်သည့်အဆုံး
ခါးကျဥ်ကျဥ်လေးကိုဖိကိုင်လိုက်တော့သည်။

" အာ့ "

သူတိုးဝင်လိုက်တာနဲ့တစ်ပြိုက်နက် သည်းခံရ
ခက်သောအသံအက်အက်ကလေးက
ထွက်လာခဲ့၏။

သားပုခက်ကလေးဆီလှမ်းကြည့်ကာ အံကြိတ်
လိုက်သောကြောင့် သားနိုးသွားမှာလည်း
စိုးပုံရသည်။ နို့အဝစို့ပြီးလျှင် ဆင်အော်တာတောင်
မနိုးသောသားကို သူမို့လို့အစိုးရိမ်လွန်နေတာ။
ပြီးတော့ သားပုခက်ကလေးကသူတို့အိပ်ရာနဲ့
တော်တော်ဝေးဝေးမှာ။ ထို့ကြောင့်တော်ရုံ
အသံလောက်ကတော့ သားနားဆီတိုးမပေါက်နိုင်ပေ။

ထယ်ယောင်းသည်ဘယ်တော့မှ ကျယ်ကျယ်
လောင်လောင်အော်မညည်းတတ်ဘဲ ခံစားချက်
တွေကိုကြိတ်မှိတ်သည်းခံလေ့ရှိသောကောင်လေး
ဖြစ်သည်။ ဒီနေ့မှာတော့ထိုသည်းခံနိုင်ခြင်းတွေရဲ့
တခြားတစ်ဖက်ကိုခွာချဖို့ဂျုံးဂုဆုံးဖြတ်ထား၏။

" သားနိုးမှာမဟုတ်ဘူး "

ထယ်ယောင်းလက်ကလေးကို ဂျုံးဂုဆွဲဖယ်
လိုက်ကာ နှုတ်ခမ်းသိပ်သိပ်ပေါ်သို့အကြင်နာတွေ
ဖလှယ်ရင်း လှုပ်ရှားမှု့ကိုစတင်လိုက်တော့သည်။
သူ့အတွက်ဆိုပြီး ထယ်ယောင်းကိုယ်တိုင်
ပြင်ဆင်ထားသော လမ်းကြောင်းလေး
တစ်လျှောက်ကို တိုးတိုက်နေရသည်မှာ
စိတ်ကျေနပ်မှု့ကြီးစွာရစေသည်။

ဟားးး

ဂျုံးဂု၏မာန်တင်းသံတို့က ဟိန်းခနဲ။
ကျယ်လောင်သောအသက်ရှူသံပြင်းပြင်းတို့က
သူ၏ပါးစပ်အတွင်းမှ တပ်မက်စွာအံကျလာခဲ့သည်။
လျှာဖျားနဲ့မွေနှောက်မိသော အာခံတွင်းလေးကမူ
အနမ်းနင့်နင့်တွေကို တစ်ချက်ကလေးမှမငြင်းဆန်ဘဲ
သူ့လျှာတွေရဲ့ရစ်နှောင်စုပ်ယူမှု့အတိုင်း အမှီလိုက်
ပေးနေသည်မို့ မျက်နှာလေးတစ်ပြင်လုံးမှာ
ချယ်ရီရောင်သန်းနေတော့သည်။

BEYOND THE JOURNEY [Completed]Tempat cerita menjadi hidup. Temukan sekarang