အပိုင်း (၁၁)

11K 1.3K 63
                                    

(Unicode)

စီးကရက်ကိုရှိုက်ဖွာရင်း ခြေချိတ်ထိုင်နေသော
ဂျုံးဂု ။ မျက်နှာကအလွန့်ကိုအေးအေးဆေးဆေး
ဖြစ်နေဟန် ။ထို့နောက် စီးကရက်ထိပ်တွင်အနည်းငယ်
ခဲလာသောပြာများအား လက်ညိုးနဲ့ဆတ်ခနဲ
တောက်ချရင်း ကျွန်းကုလားထိုင်ပေါ်မှီချသွားခဲ့၏။

နေခြည်စစဖြာကျခံရသည့် မျက်နှာမှာ
ငြိမ်သက်ခြင်းအပြင် အေးစက်ခြင်းကိုပါ
အချိုးကျကျမြင်နေရသည် ။ ဆယ်ဟူက
ချောင်းတစ်ချက်ဟန့်လိုက်ရင်း ဂျုံးဂုအနား
ရောက်လာခဲ့သည် ။ အသံကြားသောဂျုံးဂုက ခပ်စင်းစင်းမျက်ဝန်းတွေကိုဖွင့်ပြီး
ပုံမှန်အတိုင်းပင် ဆယ်ဟူ့အားကြည့်သည် ။

" ဘာကိုမှ သတိမရဘူးဆို  ။ ထယ်ယောင်းကလေ "

" သတိရတာတွေလည်းရှိတယ် "

" ဘာ  ! ဘာတွေကို သတိရတာလဲ "

ညိုးငယ်နေသောဆယ်ဟူ့အမူအရာက သူ့စကား
ကြောင့် အလန့်တကြားပုံဖြစ်သွားသည် ။

" ဘာလို့အဲ့လောက်လန့်သွားတာလဲ  ။ သူ
  သတိမရတာ ဒီစခန်းကိုစရောက်ကတည်းက
  အကြောင်းတွေ ။ အရင်ကအဖြစ်အပျက်တွေတော့
  အကုန်သိတယ် "

ဂျုံးဂု၏မျက်ခုံးတန်းနှစ်ခုက ထိစပ်လုနီးပါး
ကုပ်နေခဲ့သည် ။ ဆယ်ဟူက ဘာကိုအဲ့ဒီ့လောက်
ထိတ်လန့်သွားတာလဲ ။

" အင်းလေ ။ မေ့သွားတာပဲကောင်းပါတယ် ။
    မဟုတ်ရင်မင်းနှိပ်စက်ခဲ့တာတွေနဲ့တင် "

" ချာဆယ်ဟူ !!! "

ဆယ်ဟူက ဂျုံးဂုကိုမထီသလိုကြည့်ရင်းရယ်သည်။

" ဟုတ်ပါပြီ ...ဟုတ်ပါပြီ "

စိတ်လျော့ဟူသောအမူအရာနဲ့ ဆယ်ဟူက
လက်ကာပြတော့ ဂျုံးဂုဒေါသတွေကအထွဋ်အထိပ်။

" ဆယ်ဟူ ... မင်းမှတ်ထားဖို့က ထယ်ယောင်းက
  ငါနဲ့လက်ထပ်ထားပြီးသား ။ အဲ့ဒီအကြောင်းက
  လွဲပြီးတခြားဟာတွေ ဘယ်ကောင့်ခေါင်းထဲမှာမှ
  မရှိစေနဲ့ ။ အစဖော်တဲ့သူရှိရင် သတ်ပစ်မယ် ။
  မင်းဆိုရင်တောင်မှပေါ့ ။ "

ဂျုံးဂုတကယ်ကြောက်ပါသည် ။
သူ့ကိုမုန်းတီးသွားမည့် ထယ်ယောင်းကို
နောက်တစ်ခေါက်ထပ်မြင်ရပါက ရူးသွားဖို့သာ
ရှိတော့သည် ။

BEYOND THE JOURNEY [Completed]Where stories live. Discover now