အပိုင်း (၉)

9.8K 1.2K 69
                                    

ဂျုံးဂုကိုအခုတလော သိသိသာသာရှောင်လာသော
ထယ်ယောင်းဖြစ်သည် ။ ဂျုံးဂုကိုမြင်တာနဲ့
လက်ဖျားတွေအေးစက်လာပြီး အသက်ရှုမဝသလို
ခံစားရသည် ။ တစ်ခါတစ်လေဆို မတ်တပ်တောင်
ရပ်လို့မရသည်အထိ သူ့ဒူးတွေတုန်နေတတ်သည် ။
စကားလည်းမပြောတော့ဘဲ ခိုင်းတာပဲလုပ်ပေးပြီး
သူ့ဘာသာတစ်ယောက်တည်း နေတတ်လာသည် ။

သူ့ခန္ဓာကိုယ်အကြောင်း ထယ်ယောင်းသိသည်မို့
ဂျုံးဂုနှင့်တတ်နိုင်သမျှရှောင်ဖို့သာစိတ်ပိုင်းဖြတ်
ထားသည် ။ ဂျုံးဂု သူ့ကိုတပ်မက်တာလား
မုန်းတီးတာလား မသဲကွဲပေမယ့် သူကတော့
ဂျုံးဂုကို နည်းနည်းလေးမှစိတ်ထဲမရှိတာသေချာသည် ။

ထွက်ပြေးဖို့အကြောင်းတွေသာခေါင်းထဲအပြည့်
ဖြစ်နေပြီး အစ်ကိုဆယ်ဟူ့ကိုမှမပြောလိုက်ရလျှင်
သူဒီညလည်းအိပ်ပျော်ဦးမည်မထင် ။

" အစ်ကို ကျွန်တော်လေ "

" ငါ မတားဘူး "

အစ်ကိုဆယ်ဟူက အဲ့ဒီတစ်ခွန်းသာပြောပြီး
ငြိမ်သွားသည်  ။ အမှောင်ရဲ့တိတ်ဆိတ်မှု့တို့က
ထယ်ယောင်းရဲ့နှလုံးခုန်သံတွေကို ပြန်ကြား
စေမိသည်အထိပင်  ။ ဘာပဲဖြစ်ဖြစ် သန်းခေါင်
ထက်တော့ ညဥ့်မနက်တော့ပေ  ။

" ကျွန်တော် တကယ်ဒီမှာမနေချင်တော့ဘူး
   အစ်ကိုရယ် "

ထယ်ယောင်းမျက်ရည်တွေစီးကျလာသည် ။
အစ်ကိုဆယ်ဟူ့ကိုထားခဲ့ရမှာမှန်ပေမယ့်
ဘဝဆိုတာ ကြုံပြီးရင် ခွဲရမှာဓမ္မတာပဲမဟုတ်လား ။
စိတ်ဓာတ်ဒီလောက်မှမခိုင်ရင် သူဒီနေ့အထိ
ရပ်တည်လာနိုင်မည်မဟုတ်  ။ အသက်ရှင်ရင်လည်း
သေသလိုဘဝမျိုးနဲ့တော့ မရှင်နိုင် ။ သူက
ငယ်ငယ်တည်းက ဖြစ်ချင်တာဆိုမရရအောင်
လုပ်တတ်သည့်သူ ။

သေသေရှင်ရှင်ငဲ့နေစရာဘယ်သူမှမရှိတာမို့
ဆာကူရာပြောခဲ့ဖူးသောအကြောင်းအရာတချို့နဲ့
သူတွေ့ခဲ့သောတံခါးပေါက်အကြောင်းကို အစ်ကို
ဆယ်ဟူအား ထယ်ယောင်းပြန်ပြောလိုက်သည်  ။

ထူးဆန်းစွာပင် ဆယ်ဟူက ငိုင်နေခဲ့သည် ။
မျက်လုံးတွေကသေနေပြီး တစ်ခုခုကိုအများကြီး
တွေဝေနေဟန်  ။

BEYOND THE JOURNEY [Completed]Where stories live. Discover now